ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီ၏ လုပ်ငန်းဆောင်ရွက်နေမှုကို နာယကများက ကြည့်ရှုစစ်ဆေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီ၏ လုပ်ငန်းဆောင်ရွက်နေမှုကို နာယကများက ကြည့်ရှုစစ်ဆေး

တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီ၏ စားနပ်ရိက္ခာများ သိုလှောင် ထားရှိမှု အခြေအနေနှင့် COVID-19 ကာကွယ်ရေး အထောက်အပံ့ ပစ္စည်းများ ဖြန့်ဝေနေမှု အခြေအနေများကို နာယကများ ဖြစ်ကြသည့် ဦးအောင်ကိုဝင်း (ကမ္ဘောဇအုပ်စု)၊ ရှမ်းပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်တို့က ယနေ့ (ဧပြီလ ၁၇)ရက်တွင် သီးခြားစီ ကြည့်ရှု စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။


ယင်းကဲ့သို့ ကော်မတီ နာယကများ၏ ကြည့်ရှု စစ်ဆေးမှုကို ကော်မတီ တာဝန်ရှိသူများက လက်ရှိ  လုပ်ငန်းဆောင်ရွက်ချက်များနှင့် လှူဒါန်း ဖြန့်ဝေမှု အခြေအနေများကို ရှင်းလင်း တင်ပြခဲ့ပြီး နာယကများက လိုအပ်ချက်များကို ပေါင်းစပ် ဖြေရှင်း၍ ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို လမ်းညွှန်ပေးခဲ့သည်။
.
ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီကို ကမ္ဘောဇဘဏ် အပါအဝင် အလှူရှင် များစွာတို့၏ စုပေါင်း လှူဒါန်းငွေဖြင့် COVID-19 Pandemic အတွက် တည်ထောင်ထားခြင်း ဖြစ်ကာ ရှမ်းပြည်နယ် အပါအဝင် မြန်မာနိုင်ငံ ဒေသအသီးသီးရှိ ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ဌာနဆိုင်ရာများ၊ ပရဟိတအဖွဲ့များ၊ ပြည်သူများနှင့် Quarantine စင်တာများသို့ COVID-19 ကာကွယ်ရေးအတွက် လိုအပ်သည့် အထောက်အကူ ပစ္စည်းများကို အဆက်မပြတ် လှူဒါန်းလျက် ရှိကြောင်းလည်း သိရသည်။
.

ထို့အပြင် ကော်မတီ အနေဖြင့် ရှမ်းပြည်နယ် အစိုးရနှင့် ပူးပေါင်း၍ ဆန် ၃ ပြည်၊ ဆီ ၁ ဘူး၊ ဆား ၁ ထုပ်၊ ကုလားပဲ ၁ ပိဿာ၊ ကော်ဖီမစ် ၁၀၀ ဂရမ်ပါ တစ်ထုပ် ပါဝင်သော ရိက္ခာထုပ်ပေါင်းများကို COVID-19 ၏ ဂယက်ကြောင့် စားနပ်ရိက္ခာများ ပြတ်လပ်လာပါက ပြည်သူများအား လှူဒါန်းသွားရန် အသင့် ပြင်ဆင်ထာကြောင်းလည်း သိရသည်။

Journal Download

Photo of three cats