စိုင်းရာဇာ
.
COVID-19 ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် အထောက်အကူပြုပစ္စည်းများ စီမံခန့်ခွဲမှု ဆပ်ကော်မတီ
(တောင်ကြီး) မှ ညောင်ရွှေနှင့် ရွှေညောင်မြို့တို့တွင် အထောက်အကူပစ္စည်းများအား
ဧပြီလ ၈ ရက်၊ နံနက်ပိုင်းက သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
.
.
“ထောက်ပံ့မှုတွေကတော့
အဓိက ကမ္ဘောဇဘဏ်ကနေ လှူဒါန်းပေးတာဖြစ်ပါတယ်။ တခြားအလှူရှင်တွေ လာလှူ
တာလည်း ရှိပါတယ်။ နယ်တွေမှာ အရေးပေါ်အခြေအနေဖြစ်လာရင် အသုံးပြုနိုင်ဖို့ အထောက်အကူပြု ပစ္စည်းတွေ
လှူဒါန်းရခြင်းဖြစ်ပါတယ်”ဟု ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီ
ဒုတိယဥက္ကဋ္ဌ ဦးသူရစောသိန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
တောင်ကြီးမြို့နယ် အထောက်အကူပြုပစ္စည်းများ စီမံခန့်ခွဲရေး
ဆပ်ကော်မတီမှ PPE၊ Mask၊ လက်အိတ်၊
မျက်မှန်၊ Hand Gel၊
လက်သန့်ဆေးရည်များကို ညောင်ရွှေမြို့နှင့် ရွှေညောင်မြို့များတွင် သွားရောက်လှူဒါန်းခဲ့ခြင်း
ဖြစ်ကြောင်း
သိရသည်။
.
“ကမ္ဘောဇဘဏ်အနေနဲ့ အောက်ခြေမှာရှိတဲ့ ပြည်တော်ပြန်တွေအတွက် မလုံလောက်မှာ၊ အခက်အခဲဖြစ်မှာ စိုးရိမ် တယ်။ ဒီအချိန်မှာ ကျွန်တော်တို့ ကော်မတီကို
တာဝန်ပေးလာတဲ့အတွက် ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်” ဟု ဦးသူရစောသိန်းက ပြောသည်။
.
ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီ၊
အထောက်အကူပြုပစ္စည်းများ စီမံခန့်ခွဲမှု ဆပ်ကော်မတီ (တောင်ကြီး) အနေဖြင့် ဧပြီလ ၇
ရက်က ကျောက်မဲမြို့တွင် လှူဒါန်းရန် အထောက်အကူပစ္စည်းများ ပို့ပေးထားပြီးဖြစ်ကာ
ရွာငံ၊ ပင်းတယမြို့နယ်များတွင်လည်း
သွားရောက်လှူးဒါန်းမည်ဖြစ်သည့်အပြင် ရှမ်းပြည်နယ်အတွင်းရှိ
မြို့များတွင် ထပ်မံလှူဒါန်းပေးသွားရန် ရှိနေကြောင်း သိရသည်။
.
ထို့အပြင် အထောက်အကူပြုပစ္စည်းများ
စီမံခန့်ခွဲမှုဆပ်ကော်မတီ(တောင်ကြီး)အနေဖြင့် ကမ္ဘောဇဘဏ်၏
ထောက်ပံ့မှုဖြင့် ကယားပြည်နယ်အား ကျန်းမာရေး အထောက်အကူပစ္စည်းများအား
လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
.