နောင်တရားတွင် သောက်သုံးရေရှားပါးသည့် ကျေးရွာများသို့ သောက်သုံးရေလှူဒါန်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နောင်တရားတွင် သောက်သုံးရေရှားပါးသည့် ကျေးရွာများသို့ သောက်သုံးရေလှူဒါန်း


ခွန်အောင် (နောင်တရား)
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့၊ နန်းပုလင်းကျေးရွာ အုပ်စု၊ ပေါ့ခင်ကျေးရွာတွင် ဧပြီလ ၁၀ ရက် နံနက်ပိုင်းက နောင်တရားမြို့အုပ်ချုပ်ရေးမှူး၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနမှ သောက်သုံးရေများ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
.
 
.
အဆိုပါ ကျေးရွာသည် တောင်ပေါ်ဒေသ စိမ့်စမ်းရေနည်းပါးသော ဒေသဖြစ်ပြီး သောက်သုံးရေ လုံလောက်မှု မရှိသည့် အတွက် မီးသတ်ရေသယ်ယာဉ် ၃ စီးဖြင့် သောက်သုံးရေ သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ယင်းကဲ့သို့ သောက်သုံးရေ လှူဒါန်းမှုနှင့် ပတ်သက်၍ ပင်လောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဦးခွန်သိန်းဝင်းက “ရေရှားပါးတဲ့ ကျေးရွာတွေရှိရင် ပင်လောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနကို ဆက်သွယ် အကူ အညီတောင်းခံနိုင်ပါတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကိုလည်း ရေရှားပါးတဲ့ ကျေးရွာရှိရင် ရေလှူဒါန်းနိုင်ဖို့ ဆက်သွယ်နိုင်မယ့် ဖုန်းနံပါတ်တွေ ဖြန့်ဝေပေးထားပြီးပါပြီ” ဟု ပြောသည်။
.
“ရွာမှာ ရေတအားရှားနေပြီ။ ရေထွက်က နည်းနည်းပဲထွက်တော့တယ်။ တစ်နေကုန်ခပ်မှ ဆယ်ဂါလံဘူး ၄ ဘူး လောက်ပဲရတယ်။ ရေလာလှူပေးလို့ အရမ်းကျေးဇူးတင်ပါတယ်” ဟု ပေါ့ခင်ကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။
.
နောင်တရားမြို့အနီးတစ်ဝိုက်တွင် ရေရှားပါးသည့် ကျေးရွာများရှိနေပြီး စိမ့်စမ်းရေများ ထွက်ရှိမှုနည်းလာခြင်းကြောင့် ယခင်နှစ်ထက် သောက်သုံးရေလိုအပ်မှု ပိုမိုများပြား လာနိုင်ကြောင်းသိရသည်။
.

Journal Download

Photo of three cats