နောင်တရားနှင့် တီကျစ်ရှိ စောင့်ကြည့်စခန်းများမှ ၁၄ ရက် ပြည့်၍ ကျန်းမာရေးကောင်းသူ ၁၃ ဦးအား နေရပ် ပြန်ခွင့်ပြု - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နောင်တရားနှင့် တီကျစ်ရှိ စောင့်ကြည့်စခန်းများမှ ၁၄ ရက် ပြည့်၍ ကျန်းမာရေးကောင်းသူ ၁၃ ဦးအား နေရပ် ပြန်ခွင့်ပြု


ခွန်အောင် (နောင်တရား)
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်အတွင်းရှိ နောင်တရားနှင့် တီကျစ်ခေတ္တကျန်းမာရေး စောင့်ရှောက်မှုစခန်း Quarantine Center များတွင် နေထိုင်သူများအနက် ၁၄ ရက် ပြည့်၍ ကျန်းမာရေး ကောင်းမွန်သူ ၁၃ ဦးကို ဧပြီလ ၅ ရက်က ထောက်ခံချက်ပေး၍ ၎င်းတို့၏နေရပ်သို့ ပြန်ခွင့်ပြုခဲ့ကြောင်း သိရသည်။
.
 
.
ယင်းသို့ ထောက်ခံချက်ပေးအပ်ရာတွင် နောင်တရားအထကကျောင်းရှိ ခေတ္တကျန်းမာရေးစောင့်ရှောက်မှုစင်တာ၌ ကျန်းမာရေးစောင့်ရှောက်မှုခံယူနေသူ ၃၇ ဦးအနက် ကျန်းမာရေးကောင်းမွန်ပြီး ၁၄ ရက်ပြည့်သူ ၈ ဦးအား လည်းကောင်း၊ တီကျစ်အထကကျောင်းရှိ ခေတ္တကျန်းမာရေးစောင့်ရှောက်မှုစင်တာ၌ ကျန်းမာရေးစောင့်ရှောက်မှု ခံယူနေသူ ၇၆ ဦးအနက် ၅ ဦးအား လည်းကောင်း နေရပ်သို့ ပြန်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
COVID-19 ရောဂါ ထိန်းချုပ်ရေးတွင် အရေးကြီးသည့် ရောဂါပိုး ကူးစက်နေသူများနှင့် အနီးကပ်ထိတွေ့ခဲ့သူများ၊ ပြည်ပ နိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူများကို Facalities Quarantine ၁၄ ရက် ထားရှိကာ ကျန်းမာရေး စောင့်ရှောက်မှု ခံယူစေခဲ့ပြီး ၁၄ ရက်ပြည့်သူများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လုပ်ငန်းလမ်းညွှန် များနှင့်အညီ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း နောင်တရားတိုက်နယ်ဆေးရုံမှ ဒေါက်တာငြိမ်းငြိမ်းအိက ထောက်ခံချက် ထုတ်ပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
.

Journal Download

Photo of three cats