နောင်တရားတွင် Quarantine ဖြင့် ၁၄ ရက် ကျန်းမာရေးစောင့်ရှောက်မှုခံယူနေသူများအား ဒေသခံလူငယ်များက တေးသီချင်းဖြင့် သွားရောက်ဖျော်ဖြေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နောင်တရားတွင် Quarantine ဖြင့် ၁၄ ရက် ကျန်းမာရေးစောင့်ရှောက်မှုခံယူနေသူများအား ဒေသခံလူငယ်များက တေးသီချင်းဖြင့် သွားရောက်ဖျော်ဖြေ


ခွန်အောင် (နောင်တရား)
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့ရှိ အထကကျောင်းတွင် ဖွင့်လှစ်ထား သည့် ခေတ္တကျန်းမာရေးစောင့်ရှောက်မှုစင်တာတွင် Quarantine ၁၄ ရက် ခံယူနေသူများအား ဧပြီလ ၁ ရက်၊ ညနေပိုင်းက ဒေသခံလူငယ်များမှ တေးသီချင်းများဖြင့် သွားရောက်ဖျော်ဖြေခဲ့ကြောင်း သိရသည်။
.
 
.
ကျန်းမာရေး စောင့်ရှောက်မှု ခံယူနေသူများအား အားငယ်မှု မရှိစေရန်နှင့် ပျော်ရွှင်မှုရှိစေရန်အတွက် ယင်းကဲ့သို့ သွားရောက်ဖျော်ဖြေပေးခြင်းဖြစ်ပြီး နောက်ရက်များတွင်လည်း တစ်ရက်ခြား သွားရောက်ဖျော်ဖြေပေးသွားမည် ဖြစ်ကြောင်း နောင်တရားဒေသခံ တီးဝိုင်းခေါင်းဆောင် ခွန်ရန်နိုင်ထံက သိရသည်။
.
ထိုပြင် စေတနာရှင် အလှူရှင်များက ကုသရေးအထောက်အကူပြုပစ္စည်းများနှင့် ကာကွယ်ရေးလုပ်ငန်းများအတွက် အလှူငွေများ၊ ကာကွယ်ရေး အထောက်အကူပစ္စည်းများ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
.
နောင်တရားမြို့ရှိ အဆိုပါကျန်းမားရေးစောင့်ရှောက်မှုစင်တာတွင် Quarantine ၁၄ ရက် ကျန်းမာရေးစောင့်ရှောက်မှု ခံယူနေသူ ၄၆ ဦးရှိနေပြီး အားလုံးမှာ ကျန်းမာရေးကောင်းမွန် လျက်ရှိကြောင်းသိရသည်။
.

Journal Download

Photo of three cats