နောင်တရားတွင် သင်္ကြန်ကာလအတွင်း လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် နှိုးဆော် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နောင်တရားတွင် သင်္ကြန်ကာလအတွင်း လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် နှိုးဆော်


ခွန်အောင် (နောင်တရား)
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့တွင် ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ် COVID-19 ကပ်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် လူစုလူဝေး မဖြစ်ပေါ်စေရေး ကျန်းမာရေး အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
.
မြန်မာနိုင်ငံတွင် နှစ်သစ်ကူး မဟာသင်္ကြန်ကာလအတွင်း ဗုဒ္ဓဘာသာတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာနှင့်အညီ ဘုန်းတော်ကြီးကျောင်း၊ အဖိုးအဖွား၊ လူကြီး၊ မိဘ၊ ဆရာသမားများကို ပူဇော်ကန်တော့လေ့ရှိသောကြောင့် ယခုနှစ်သင်္ကြန်ကာလအတွင်းတွင် လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် ဘုန်းတော်ကြီးကျောင်း၊ အဖိုးအဖွား၊ လူကြီး၊ မိဘ၊ ဆရာသမားများကို ပူဇော်ကန်တော့ခြင်းများ မပြုလုပ်ရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ လမ်းညွှန်ချက်များ၊ ဒေသန္တရအမိန့်များကို လိုက်နာကြရန် အတွက် ဧပြီလ ၁၂ ရက်ညပိုင်းက အသိပညာပေး နှိုးဆော် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ကျန်းမာရေးအသိပညာပေးနှိုးဆော်ခြင်းကို နောင်တရားမြို့ ဌာနဆိုင်ရာများနှင့် နောင်တရားမြို့ ပရဟိတ လူငယ်များအဖွဲ့ စုပေါင်း၍ ကျေးရွာများ၌ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
မြန်မာနိုင်ငံတွင် ယနေ့ ဧပြီလ ၁၃ ရက်၊ နံနက်ပိုင်းအထိ COVID-19 ကပ်ရောဂါ ကူးစက်ခံရသူ ၄၁ ဦး၊ သေဆုံးသူ ၄ ဦး ရှိလာပြီဖြစ်ပြီး ရှမ်းပြည်နယ်အတွင်း COVID-19 ရောဂါပိုး အတည်ပြုလူနာ ၂ ဦး တွေ့ရှိထားကာ ၎င်းတို့မှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲဆေးရုံမှ လားရှိုးဆေးရုံသို့ လွှဲပြောင်းလာသည့် လူနာတစ်ဦးနှင့် ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံမှ လူနာတစ်ဦးတို့ ဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats