နောင်တရားတွင် ရပ်ကွက်အလိုက် မိမိအစီအစဉ်ဖြင့် သူစိမ်းဧည့်သည်များကို ဝင်ထွက်ခွင့်မပြု - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နောင်တရားတွင် ရပ်ကွက်အလိုက် မိမိအစီအစဉ်ဖြင့် သူစိမ်းဧည့်သည်များကို ဝင်ထွက်ခွင့်မပြု


ခွန်အောင် (နောင်တရား)
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ရှိ ရပ်ကွက်များ တွင် COVID-19 ကပ်ရာဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ဒေသခံပြည်သူလူထုမှ ရပ်ကွက်အလိုက် မိမိအစီအစဉ်ဖြင့် သူစိမ်း ဧည့်သည်အဝင်အထွက်ကို ဧပြီလ ၁၅ ရက်၊ နံနက်ပိုင်းမှ စတင်၍ ခွင့်မပြုတော့ကြောင်း သိရသည်။
.
.
“မြို့ကို Lock Down ချဖို့ အထက်ကလည်း မညွှန်ကြားပါဘူး။ အစီအစဉ်လည်း မရှိသေးပါဘူး။ ရပ်ကွက်အတွင်း ဧည့်သည်အဝင်အထွက် ခွင့်မပြုတာကတော့ ရပ်ရွာအစီအစဉ်နဲ့ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ပူးပေါင်းဆောင်ရွက်နေတာပါ။ အဓိကလမ်းမကြီးဖြစ်တဲ့ လွိုင်ကော်-အောင်ပန်းလမ်းမကြီးနဲ့ နောင်တရား-ကျောက်တလုံးကြီးလမ်းတွေကို မပိတ်ထားပါဘူး” ဟု နောင်တရားမြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းချမ်းမြေ့ဝင်းက ပြောသည်။
.
ထို့အတူ နောင်တရား တိုက်နယ် ပြည်သူ့ဆေးရုံမှ ဒေါက်တာငြိမ်းငြိမ်းအိကလည်း “‌နောင်တရားမြို့မှာ COVID-19 ရောဂါကူးစက်ခံရတဲ့ လူနာမရှိသေးပါဘူး။ Hospital Quarantine ထားတဲ့တစ်ဦးလည်း ကျန်းမာရေးအခြေအနေ ကောင်းမွန်နေပါတယ်။ သူ့ရဲ့ ဓါတ်ခွဲအဖြေက ပိုးမတွေ့ပါဘူး။ ဒေသခံအားလုံးကလည်း ပူးပေါင်းဆောင်ရွက်ပေးနေ ပါတယ်။ အရမ်းမစိုးရိမ်ကြဖို့နဲ့ မပေါ့လျော့ဖို့လည်း လိုအပ်ပါတယ်” ဟု ပြောဆိုခဲ့သည်။
.
နောင်တရားမြို့တွင် COVID-19 ရောဂါကူးစက်ခံရသူမရှိသည့်အတွက် Lock down ချပြီး မြို့အဝင်အထွက် ကန့်သတ်ထားခြင်းမရှိဘဲ ရပ်ကွက်အစီအစဉ်ဖြင့် သူစိမ်းဧည့်သည်များကို အဝင်အထွက်ခွင့်မပြုသည့်အပြင် ရပ်ကွက်အတွင်းရှိပြည်သူများကလည်း မလိုအပ်ဘဲအပြင်ထွက်ခြင်းမပြုဘဲ ပူးပေါင်းပါဝင်ဆောင်ရွက်နေကြကြောင်း သိရသည်။
.

Journal Download

Photo of three cats