နောင်တရားတွင် နေအိမ်မီးလောင်မှုဖြစ်ပွား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နောင်တရားတွင် နေအိမ်မီးလောင်မှုဖြစ်ပွား


ခွန်အောင် (နောင်တရား)
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့တွင် ယနေ့ ဧပြီလ ၈ ရက်၊ နံနက်ပိုင်းက နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.
နောင်တရားမြို့၊ အမှတ် (၁) ရပ်ကွက်၊ နန်းပုလင်းလမ်းနေ ဦးမြင့်စိုးဝေ၏ နေအိမ် အိပ်ခန်းအတွင်း နံနက် ၈ နာရီ ခန့်က ဖုန်းအားသွင်း ရာမှတဆင့် အပူချိန်လွန်ကဲ၍ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
မီးလောင်မှု ဖြစ်ပွားရာသို့ နောင်တရားနယ်မြေရဲစခန်းမှူး တင်ဝင်းမောင်နှင့် တပ်ဖွဲ့ဝင်များ၊ နောင်တရား မီးသတ်မှ လက်ထောက်ဦးစီးမှူး ဦးဖြိုးလင်းကျော်ဦးစီးသော တပ်ဖွဲ့ဝင်များမှ မီးသတ်ယာဉ် ၂ စီးနှင့်အတူ ဒေသခံများက ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့ရာ နံနက် ၈ နာရီ ၁၂ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
.
အဆိုပါ မီးလောင်မှုကြောင့် ဦးမြင့်စိုးဝေ၏ အလျား ၄၀ ပေ၊ အနံ ၃၀ ပေ၊ အမြင့် ၂၅ ပေခန့်ရှိ သွပ်မိုးအုတ်ကာ ပျဉ်ခင်း ၂ ထပ် နေအိမ်အတွင်းပိုင်း မီးလောင်ဆုံးရှုံးခဲ့ပြီး လူနှင့် တိရစ္ဆာန် ထိခိုက်ဒဏ်ရာရ သေဆုံးမှု မရှိဘဲ ပျက်စီးဆုံးရှုံးမှု တန်ဖိုး  ၄၅၀၀၀၀ ကျပ် ရှိခဲ့ကြောင်း သိရသည်။
.

Journal Download

Photo of three cats