ခွန်အောင်
(နောင်တရား)
.
ရှမ်းပြည်နယ်တောင်ပိုင်း၊
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ရှိ အထက ကျောင်းတွင်
ဖွင့်လှစ်ထားသော ခေတ္တကျန်းမာရေးစောင့်ရှောက်မှုစင်တာ၌ လိုအပ်နေသည့် ကျန်းမာရေး အထောက်
အကူပြု ပစ္စည်းများကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဧပြီလ ၂ ရက်တွင် လာရောက်လှူဒါန်းခဲ့သည်ဟု
သိရသည်။
.
.
အဆိုပါ လှူဒါန်းသော
ပစ္စည်းများမှာ Surgical Gown၊
Goggles၊ Mask၊ Sugrical Cap၊ လက်အိတ်များ၊ ရေမလို လက်သန့်ဆေးရည်များ၊
လက်ဆေးဆပ်ပြာရည်များ၊ အရက်ပျံများဖြစ်ပြီး လှူဒါန်းမှုစုစုပေါင်း တန်ဖိုး ၇၇၁၉၀ ကျပ်
ဖြစ်ကြောင်း သိရသည်။
လှူဒါန်းမှုကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ
ဦးစိုင်းမြင့်ဆွေနှင့် အဖွဲ့က ပေးအပ်လှူဒါန်းခဲ့ပြီး နောင်တရားမြို့ အုပ်ချုပ်ရေးမှူး
ဦးစိုင်းချမ်းမြေ့ဝင်းက လက်ခံရယူခဲ့ကြောင်း သိရသည်။
.
နောင်တရားမြို့ရှိ
အဆိုပါကျန်းမားရေးစောင့်ရှောက်မှုစင်တာတွင် ဧပြီလ ၁ ရက်အထိ Quarantine ၁၄ ရက် ကျန်းမာရေးစောင့်ရှောက်မှု ခံယူနေသူ
၄၆ ဦးရှိနေပြီး အားလုံးမှာ ကျန်းမာရေးကောင်းမွန် လျက်ရှိကြောင်းသိရသည်။
.