မောင်မောင်သန်း
(တောင်ကြီး)
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊
နောင်ချိုမြို့နယ်အတွင်းရှိ နမ့်ပန်ချောင်းနှင့် နမ့်စီးဟော် ချောင်းဆုံရာတွင် ၃၀ မဂ္ဂါဝပ်
ရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
.
.
အဆိုပါ
ရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ယနေ့ ဧပြီလ ၃ ရက်က တောင်ကြီးမြို့၊
ရှမ်းပြည်နယ်မအစိုးရအဖွဲ့ရုံးတွင် ရှမ်းပြည်နယ် အစိုးရနှင့် YS Golden Butterfly ကုမ္ပဏီတို့
အကြား သဘောတူညီစာချုပ် (MoA) လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
လက်မှတ်ရေးထိုးပွဲတွင်
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ယနေ့ (MoA) လက်မှတ်ရေးထိုးသည့်
YS Golden Butterfly ကုမ္ပဏီလီမိတက်မှ
တည်ဆောက် ထုတ်လုပ်မည့် စီမံကိန်းမှ ခန့်မှန်း ၃၀ မဂ္ဂါဝပ် ၁၂၀ ကီလိုဝပ် နာရီသန်းပေါင်း ထုတ်လုပ်ရရှိနိုင်မည်ဟု
မျှော်မှန်းထားကြောင်း၊
ရှမ်းပြည်နယ်အစိုးရ အဖွဲ့အနေဖြင့်
ရင်းနှီးမြုပ်နှံမှုများကို
အစဉ်တစိုက်ဖိတ်ခေါ်လျက်ရှိရာ
ယခုကဲ့သို့ ပြည်တွင်းလုပ်ငန်းရှင်
များ၏ ရင်းနှီးမြုပ်နှံမှုများကို
လုပ်ထုံး၊ လုပ်နည်း ဥပဒေများနှင့်အညီ ခွင့်ပြုပေးလျက်ရှိကြောင်း၊
ရှမ်းပြည်နယ်အစိုးရနှင့်
ရေးထိုးမည့်
(MoA) သဘောတူညီချက်ကိုလည်း
အောင်မြင်စွာ
အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်
ကုမ္ပဏီအနေဖြင့်
အားသွန်ခွန်စိုက်ကြိုးစားဆောင်ရွက်စေလိုကြောင်း
အမှာစကား ပြောကြားခဲ့သည်။
.
ထို့နောက်
YS Golden Butterfly ကုမ္ပဏီမှ
စီအီးအို ဦးယောဆပ်က လျှပ်စစ်မီး ရရှိပါက နိုင်ငံတော်၊ အစိုးရအဖွဲ့၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍတို့တွင်
အကျိုးရှိမည် ဖြစ်ကြောင်း၊ ယခုလို
ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့်
လက်မှတ်ရေးထိုးမှုကို
ကူညီဆောင်ရွက်ပေး သည့်အတွက်
ကျေးဇူးတင်ရှိပါကြောင်း
ပြောကြားပြီး၊
ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့်
YS Golden Butterfly Co., Ltd တို့
သဘောတူညီစာချုပ်
(MoA)လက်မှတ်ရေးထိုးကာ
အပြန်အလှန်
လဲလှယ်ခဲ့ကြကြောင်းသိရှိရသည်။
.
အဆိုပါ
နမ့်စီးဟော် ၃၀ မဂ္ဂါဝပ် ရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော် ပြီးစီးပါက နမ့်ဟူခါးကျေးရွာ
ပတ်ဝန်းကျင်ဒေသများကို လျှပ်စစ်မီးဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်အတွင်း
ကျေးရွာပေါင်း
၁၃၇၈၂ ရွာ ရှိသည့်အနက် ၂၀၁၆ ခုနှစ်တွင် ဓါတ်အားပေးစနစ်ဖြင့်
ကျေးရွာ ၁၁၃၉ ရွာ၊ ၂၀၁၇ ခုနှစ်တွင် ကျေးရွာ ၁၄၆၂ ရွာ၊ ၂၀၁၈ ခုနှစ်တွင် ကျေးရွာ
၁၈၃၀ ရွာ လျှပ်စစ်ဓါတ်အား ရယူသုံးစွဲလျက်ရှိပြီး
၃ နှစ်အတွင်း ၆၉၁ ရွာတိုးချဲ့ဆောင်ရွက်ပေးနိုင်ခဲ့ကာ
၂၀၁၈ ခုနှစ်တွင်
အိမ်ထောင်စု ၄၁၁၉၃၆ စု၊ ၃၅ ဒသမ ၂၁ ရာခိုင်နှုန်းခန့် လျှပ်စစ်ဓါတ်အား တိုးတက်သုံးစွဲလာနိုင်ပြီး
နှစ်စဉ် ၃ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်သုံးစွဲလာနိုင်ခဲ့သည့်အပြင်
ကမ္ဘာ့ဘဏ်အကူအညီဖြင့်
ကျေးရွာပေါင်း
၄၇၁ ရွာကိုလည်းကောင်း၊ ဂျာမနီချေးငွေ
(KfW) စီမံကိန်းတွင်
ရှမ်းပြည်နယ်တောင်ပိုင်းအတွင်း
၄၁၆ ရွာခန့်အားလည်းကောင်း၊
စီမံကိန်းပြီးစီးသည့်အခါ
လျှပ်စစ်ဓါတ်အား
တိုးချဲ့ ရရှိသုံးစွဲနိုင်မည်ဖြစ်ကြောင်း
သိရသည်။
.