COVID-19 လူနာ အသစ် မရှိ၊ ပြန်လည် သက်သာလာသူ ၁၁ ဦးရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

COVID-19 လူနာ အသစ် မရှိ၊ ပြန်လည် သက်သာလာသူ ၁၁ ဦးရှိ


COVID-19 ပိုးတွေ့ အတည်ပြုလူနာ အသစ် မတွေ့ရှိကြောင်းနှင့် ပြန်လည် သက်သာလာသူ (ထပ်တိုး) ၁၁ ဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ (ဧပြီလ ၂၉ ရက်) ည ၈ နာရီတွင် ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံတွင် COVID-19 ပိုးတွေ့လူနာ ၁၅၀ ဦးအနက် ပြန်လည်သက်သာလာသူ စုစုပေါင်း ၂၇ ဦး ရှိကြောင်း သိရသည်။

အဆိုပါ ပြန်လည်သက်သာလာသူများမှာ လူနာ အမှတ် (၁)၊ (၂)၊ (၈)၊ (၃၂)၊ (၃၃)၊ (၃၈)၊ (၄၁)၊ (၄၇)၊ (၅၀)၊ (၅၄)နှင့် (၅၈)တို့ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားကာ၊ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL)နှင့် ဆေးသုတေသနဦးစီးဌာန (DMR)တို့မှ ပထမအသုတ် အဖြစ် စစ်ဆေးပြီးခဲ့သော ဓာတ်ခွဲနမူနာ ၁၁၀ ခုတွင် COVID-19 ပိုး မတွေ့ရခြင်း ဖြစ်ကြောင်း သိရသည်။
.
မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့ (ဧပြီလ ၂၉ ရက်)၊ ည ၈ နာရီထိ COVID-19 အတည်ပြုလူနာ ၁၅၀ ဦး ရှိကာ၊ ယင်းအနက် ၆ ဦး သေဆုံး၍ ၂၇ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ်တွင်မူ COVID-19 အတည်ပြုလူနာ ၇ ဦး ရှိကာ ၁ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats