COVID-19 အတည်ပြု လူနာများအနက် ပြန်လည်ကောင်းမွန်သူ ၇ ဦး ထပ်တိုး၊ စုစုပေါင်း ၂၃ ဦး ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

COVID-19 အတည်ပြု လူနာများအနက် ပြန်လည်ကောင်းမွန်သူ ၇ ဦး ထပ်တိုး၊ စုစုပေါင်း ၂၃ ဦး ရှိ

မြန်မာနိုင်ငံရှိ COVID-19 အတည်ပြုလူနာ စုစုပေါင်း ၁၅၀ ဦးအနက် ပြန်လည် သက်သာ ကောင်းမွန်လာသူ (ထပ်တိုး) ၇ ဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဒေါက်တာ ခင်ခင်ကြီးက ယနေ့ (ဧပြီလ ၂၉ ရက်)၊ ညနေပိုင်းတွင် ၎င်း၏ လူမှုကွန်ရက်၌ ရေးသား ဖော်ပြထားသဖြင့် စုစုပေါင်း ပြန်လည် သက်သာ ကောင်းမွန်လာသူ စုစုပေါင်း ၂၃ ဦး ရှိပြီ ဖြစ်ကြောင်း သိရသည်။
.

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဧပြီလ ၂၉ ရက်ထိ ထုတ်ပြန်ချက်များတွင်မူ အတည်ပြုလူနာ ၁၅၀ ဦး၊ ပြန်လည် ကောင်းမွန်လာသူ ၁၆ ဦးနှင့် သေဆုံးသူ ၆ ဦး ရှိကြောင်းကိုသာ ထုတ်ပြန်ထားသေးသည်။
.
အဆိုပါ ဒေါက်တာ ခင်ခင်ကြီး၏ ရေးသားဖော်ပြချက်တွင် ပြန်ကောင်းလူနာ စုစုပေါင်း ၂၃ ဦးရှိပြီ ဖြစ်ပါသည်ဟုသာ ဖော်ပြထားပြီး လူနာအမှတ်များကိုမူ ရေးသားထားခြင်း မရှိချေ။
.

Journal Download

Photo of three cats