COVID-19 အတည်ပြုလူနာ အသစ် မရှိကြောင်း ထုတ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

COVID-19 အတည်ပြုလူနာ အသစ် မရှိကြောင်း ထုတ်ပြန်

COVID-19 အတည်ပြုလူနာ အသစ် မတွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ (ဧပြီလ ၁၆ ရက်)၊ ည ၈ နာရီတွင် ထုတ်ပြန်ခဲ့ရာ မြန်မာ တစ်နိုင်ငံလုံးတွင် ယခင် COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာ ၈၅ ဦး တွေ့ရှိထားပြီး ယင်းအနက် ပိုးတွေ့သေဆုံးသူ ၄ ဦး၊ ပြန်လည် ကောင်းမွန်လာသူ ၂ ဦး ရှိခြင်းကြောင့် လက်ရှိ ဆေး ကုသမှု ပေးနေသည့် အတည်ပြုလူနာ ၇၉ ဦး ရှိကြောင်း သိရသည်။
.

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သည် ယနေ့တွင် ရောဂါစောင့်ကြည့်လူနာနှင့် အသွားအလာ ကန့်သတ်ခြင်း/ တားမြစ်ခြင်း ဆောင်ရွက် ထားရှိသူ စုစုပေါင်း ၁၀၂ ဦး၏ ဓာတ်ခွဲ နမူနာများအား (ပထမအသုတ်) အနေဖြင့် စစ်‌ဆေးခဲ့ရာ ဓာတ်ခွဲ နမူနာအားလုံးတွင် COVID-19 ရောဂါပိုး မတွေ့ရှိကြောင်းကို ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
လက်ရှိ ဆေး ကုသမှု ပေးနေသည့် အတည်ပြုလူနာ ၇၉ ဦးတို့ကို ရန်ကုန်မြို့၊ ဝေဘာဂီအထူးကုဆေးရုံ၌ ၆၈ ဦး၊ တီးတိန်ဆေးရုံ၌ ၄ ဦး၊ လားရှိုးဆေးရုံ၊ မော်လမြိုင်ဆေးရုံ၊ တောင်ကြီး စဝ်စံထွန်းဆေးရုံ၊ မကွေးဆေးရုံ၊ ကျိုင်းတုံဆေးရုံ ကလေးဆေးရုံ မန္တလေးမြို့ ကန်တော်နဒီဆေးရုံတို့၌ ၁ ဦးစီဖြင့် ဆေးကုသမှု ပေးနေလျက် ရှိပြီး လူနာများ၏ ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်နေကြောင်း သိရသည်။
.
ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံနှင့် ဒေသအသီးသီးတွင် COVID-19 ရောဂါပိုး အတည်ပြုဖြစ်ပွားသူ ၁၉၅၄၇၂၄ ဦး၊ သေဆုံးသူ ၁၂၆၁၄၀ ဦး ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO)၏ ဧပြီလ ၁၆ ရက်၊ ညနေ ၃ နာရီ ထုတ်ပြန်ချက်အရ သိရသည်။

Journal Download

Photo of three cats