မိုင်းယောင်းတွင် ရာသီစာ ကြိမ်နုများ ရောင်းအားကောင်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းယောင်းတွင် ရာသီစာ ကြိမ်နုများ ရောင်းအားကောင်း

စိုင်းအောင်ဇော်လင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့တွင် ရာသီစာ အစားအစာတစ်မျိုးဖြစ်သည့် ဒေသထွက် ကြိမ်နုများ ရောင်းအားကောင်းလျက်ရှိကြောင်း သိရသည်။
.
.
“တပေါင်း၊ တန်ခူးလဆိုရင် ကြိမ်ပင်တွေက ကြိမ်နုတွေပေါ်ပါတယ်။ ကြိမ်နုတွေကို လွယ်ပန်နောင်တောင်မှာ သွားရှာပြီး ၃ ချောင်းပါ တစ်စည်းကို ကျပ် ၅၀၀၀ က တစ်မျိုး၊ ကြိမ်နုအသေးက တစ်ချောင်း တစ်ထောင်နဲ့ ရောင်းချ ရပါတယ်။ လတ်လတ်ဆတ်ဆတ်ဆိုရင် စားရပိုကောင်းလို့ ဝယ်သူတွေကလည်း ပိုပြီးတော့ ကြိုက်ကြတော့ ရောင်းအား ကောင်းပါတယ်” ဟု မိုင်းယောင်းမြို့နေ ကြိမ်နုရှာဖွေရောင်းချသူ အမျိုးသမီးတစ်ဦးက ပြောသည်။
.
ကြိမ်နုများကို မီးဖုတ်၍သော်လည်းကောင်း၊ ဟင်းချိုရည်အဖြစ် ချက်ပြုတ်၍သော်လည်းကောင်း အမျိုးမျိုးပြုလုပ်ကာ စားသုံးနိုင်ပြီး အထူးသဖြင့် သက်ကြီးပိုင်းများက ပိုမိုကြိုက်နှစ်သက်ကြကြောင်း ကြိမ်နုရှာဖွေရောင်းချသည့် အမျိုးသမီး တစ်ဦး၏ ပြောပြချက်အရ သိရသည်။
.
ကြိမ်ပင်များသည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အမြင့်ဆုံးတောင်ဖြစ်သည့် ပေ ၈၄၀၀ မြင့်မားသော လွယ်ပန်နောင် (ခမ်းတောင်)တွင် အများဆုံး ပေါက်ရောက်သဖြင့် တစ်ညအိပ်၊ နှစ်ညအိမ်ဖြင့် ကြိမ်နုများကို သွားရောက်ရှာဖွေ ခူးယူရကြောင်း သိရသည်။
.

Journal Download

Photo of three cats