မိုင်းယောင်းတွင် ငွေကျပ် ၁၂ သိန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား သယ်ဆောင်လာသူနှင့်အတူ ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းယောင်းတွင် ငွေကျပ် ၁၂ သိန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား သယ်ဆောင်လာသူနှင့်အတူ ဖမ်းမိ


စိုင်းသိင်္ခသူ
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယန်းမြို့နယ်တွင် ဧပြီလ ၂၄ ရက်၊ ညနေပိုင်းက ငွေကျပ် ၁၂ သိန်းကျော် တန်ဖိုးရှိ မူးယစ် ဆေးဝါးများအား သယ်ဆောင်လာသူနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.
ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီလ ၂၄ ရက်၊ ညနေ ၆ နာရီအချိန်ခန့်က သက်သေများနှင့်အတူ မိုင်းယောင်းမြို့နယ်၊ မုန်းလိုက်ကျေးရွာအုပ်စု၊ မုန်းလိုက်တံတားတွင် မူးယစ်ဆေးဝါးသတင်းအရ ရှောင်တခင် ပိတ်ဆို့ စစ်ဆေးမှုများ ပြုလုပ်စဉ် မိုင်းယောင်းဘက်မှ မိုင်းဖြတ်ဘက်သို့ ယာဉ်မောင်း အိုက်အွန် (ခ) စိုင်းအွန် မောင်းနှင်လာ သော မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ၎င်းလွယ်ထားသည့် အပြာရောင်ဘေးလွယ်အိတ်အတွင်းမှ အပြာရောင် ပလပ်စတစ်ကပ်ခွာအိတ် ဖြင့်ထည့်ထားသည့် WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ် ဆေးပြား ၂၀၀ ပြားစီပါ ၆ ထုပ်၊ အနီရောင်ပလပ်စတစ်အပိုင်းအစဖြင့်ထုပ်လျက် WY စာတမ်းပါ လိမ္မော်ရောင်စိတ်ကြွရူးသွပ်ဆေးပြား ၇၀ ပြား၊ စုစုပေါင်းစိတ်ကြွရူးသွပ် ဆေးပြား ၁၂၇၀ ပြား၊ အလေးချိန် ၁၂၇ ဂရမ်၊ကာလတန်ဖိုး ဆေးပြား တစ်ပြားလျှင် ၁၀၀၀ ကျပ်နှုန်းဖြင့် ၁၂၇၀၀၀၀ ကျပ် အားဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။  
.
ဆက်လက်ပြီး ဖမ်းဆီးရမိသူ အိုက်အွန် (ခ) စိုင်းအွန်အား စစ်ဆေးမေးမြန်းချက်အရ စိတ်ကြွဆေးပြားများအား မိုင်းခွန် ကျေးရွာ၊ မုန်းလိုက်ကျေးရွာအုပ်စု၊ မိုင်းယောင်းမြို့ နေသူ ဦးစိုင်းယီကျောက် ထံမှ ငွေကျပ် ၂ သိန်းဖြင့် ဝယ်ယူလာ ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သဖြင့် ကွင်းဆက် တရားခံစိုင်းယီကျောက်၏ နေအိမ်သို့ ပူးပေါင်းအဖွဲ့ဖြင့် ည ၇ နာရီခွဲ ချိန်တွင်သွားရောက် ရှာဖွေဖမ်းဆီးခဲ့ရာ ဦးစိုင်းယီကျောက်အား ၎င်း၏နေအိမ်တွင် အသင့်တွေ့ရှိ ဖမ်းဆီးရမိပြီး   ၎င်းခါးတွင်ပတ်ထားသည့် ပိုက်ဆံအိတ်အတွင်းမှ မူးယစ်ဆေးဝါး ရောင်းချရငွေဟုယူဆရသော ငွေ ၅ သောင်းကျပ် အားတွေ့ရှိရပြီး နေအိမ်အား ဆက်လက်ရှာဖွေရာ မူးယစ်ဆေးဝါး တစ်စုံတစ်ရာရှာဖွေတွေ့ရှိရခြင်းမရှိကြောင်း သိရှိရ သည်။
.
အဆိုပါ မူးယစ်ဆေးဝါးများဖြင့် ဖမ်းဆီးရမိသူ အိုက်အွန် (ခ) စိုင်းအွန် (၃၅ နှစ်) ဝမ်ဖကျေးရွာ၊ မုန်းလိုက်ကျေးရွာအုပ်စု၊ မိုင်းယောင်းမြို့နေသူနှင့် ကွင်းဆက် ဦးစိုင်းယီကျောက် (၄၈ နှစ်)  မိုင်းခွန်ကျေးရွာ၊ မုန်းလိုက်ကျေးရွာအုပ်စု၊ မိုင်းယောင်းမြို့ နေသူတို့ ၂ ဦးအား  မိုင်းယောင်းမြို့မရဲစခန်းမှ မယ(ပ)၄/၂၀၂၀၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၁၉(က)/၂၀(က)/၂၁ အရ အမှုဖွင့်လှစ် စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
.

Journal Download

Photo of three cats