စိုင်းအောင်ဇော်လင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့၊ ဝမ်မိုင်ကျေးရွာအနီးရှိ
ဗောဓိရွှေညောင်ပင်တွင် ဧပြီလ ၁၀ ရက်က ကပ်ရောဂါအန္တရာယ်မှ
ကင်းဝေးစေရေးအတွက် သဲပုံစေတီ၊ ပဋ္ဌာန်းနှင့် ပရိတ်တရားတော်များ
ရွတ်ပွားပူဇော်ခဲ့ကြောင်း သိရသည်။
.
.
ယင်းသို့ ပူဇော်ရာတွင်
ဗောဓိရွှေညောင်ပင်၊ ဗုဒ္ဓရုပ်ပွားတော်၊ သဲပုံစေတီအား ဆီမီး၊ ပန်း၊ ရေချမ်း၊
သစ်သီးများ ကပ်လှူ ပူဇော်ပြီး ငါးပါးသီလခံယူဆောက်တည်ကာ ဆရာတော်၊ သံဃာတော်များ
ရွတ်ပွားသရဇ္ဈာယ်သည့် ပဋ္ဌာန်းနှင့် ပရိတ်တရားတော်များ၊ ဘုရားဂုဏ်တော်များကို
နာယူကြည်ညိုခဲ့ကြကြောင်း သိရသည်။
ထို့နောက် ဧည့်ပရိတ်သတ်များက ဆရာတော်၊ သံဃာတော်များအား
လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း
အမျှပေးဝေကြသည်။
.
မိုင်းယောင်းမြို့နယ်တွင် ကပ်ရောဂါအန္တရာယ်မှ
ကင်းဝေးစေရေးအတွက် မိမိတို့၏ အိမ်ရှေ့တွင် သဲပုံစေတီငယ်ကို
အိမ်တိုင်းပြုလုပ်ပူဇော်ထားကြကြောင်း သိရသည်။
.