မိုင်းယောင်းတွင် ကြက်ဥ၊ ကြက်သွန်နီ၊ အာလူးနှင့် ခရမ်းချဉ်သီးများ ရောင်းအားကောင်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းယောင်းတွင် ကြက်ဥ၊ ကြက်သွန်နီ၊ အာလူးနှင့် ခရမ်းချဉ်သီးများ ရောင်းအားကောင်း


စိုင်းအောင်ဇော်လင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်ရှိ စားသုံးသူဈေးကွက်အတွင်း၌ အခြေခံစားသောက်ကုန် များဖြစ်သည့် ကြက်ဥ၊ ကြက်သွန်နီ၊ အာလူးနှင့် ခရမ်းချဉ်သီးများ ရောင်းအားကောင်းလျက်ရှိကြောင်း ကုန်ပစ္စည်း ရောင်းဝယ်သူများထံက သိရသည်။
.
.
“ဒီနှစ်ထဲမှာ COVID-19 ဂယက်ကြောင့် ကြက်ဥနဲ့ အာလူးတွေက မမျှော်လင့်ဘဲ ရုတ်တရက်ကြီး ရောင်းအားကောင်း လာတဲ့အတွက် လက်လီ/လက်ကားဈေးသည်တွေ ဝမ်းသာနေကြတယ်။ မကြာခင် မေလအတွင်းမှာလည်း နွေပဲတီစိမ်း နဲ့ စားဖိုချောင် ဟင်းသီးဟင်းရွက်သီးနှံတွေ ဈေးကွက်ဝင်လာတော့မှာပါ။ ဒီသီးနှံနဲ့ အခြေခံစားသောက်ကုန် ၂ မျိုးလုံးက ဝယ်လိုအားကောင်းတဲ့အတွက် မိုးဦးကာလမှာလည်း ရောင်းအားကောင်းမယ်လို့ ခန့်မှန်းပါတယ်။ ဒီကာလမှာတော့ ကုန်စည်စီးဆင်းမှု မြန်ဆန်ဖို့နဲ့ ကုန်ဈေးနှုန်း တည်ငြိမ်ဖို့ မျှော်လင့်ပါတယ်” ဟု မိုင်းယောင်းမြို့တွင် အခြေခံ စားသောက်ကုန်ပစ္စည်း ဝယ်ယူ ရောင်းချသူတစ်ဦးက ပြောသည်။
.
မိုင်းယောင်းမြို့ စားသုံးသူဈေးကွက်အတွင်း ကြက်ဥတစ်ကတ်လျှင် ၃၅၀၀ ကျပ်၊ ကြက်သွန်နီ တစ်အိတ်လျှင် ၁၃၀၀၀ ကျပ်၊ အာလူးတစ်အိတ်လျှင် ၁၅၀၀၀ ကျပ်နှင့် ခရမ်းချဉ်သီး တစ်ကီလိုလျှင် ၁၀၀၀ ကျန်းနှုန်း ပေါက်ဈေး ရှိကြောင်း သိရသည်။
.
မိုင်းယောင်းနှင့် မိုင်းယုမြို့များအတွက် အဆိုပါ အခြေခံစားသုံးကုန်ပစ္စည်းများကို ကျိုင်းတုံ၊ တာချီလိတ်နှင့် တောင်ကြီးမြို့တို့မှ သွားရောက်ဝယ်ယူပြီး ပြန်လည်ရောင်းချကြခြင်းဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats