မိုင်းယောင်းတွင် တောမီးမှတစ်ဆင့် ထပ်လုံစေတီတော်ရှိ ဆွမ်းစားဆောင်များ မီးကူးစက်လောင်ကျွမ်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းယောင်းတွင် တောမီးမှတစ်ဆင့် ထပ်လုံစေတီတော်ရှိ ဆွမ်းစားဆောင်များ မီးကူးစက်လောင်ကျွမ်း


စိုင်းအောင်ဇော်လင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၊ ဝမ်ကောင်းကျေးရွာအုပ်စု၊ ဝမ်တောင်းကျေးရွာအနီး တွင် မတ်လ ၅ ရက် ညနေ ၅ နာရီ၊ ၁၅ မိနစ်ခန့်က တောမီးလောင်ကျွမ်းရာမှတစ်ဆင့် ထပ်လုံစေတီတော် ကုန်းမြေပေါ်ရှိ ဆွမ်းစား ဆောင် ၂ လုံးအား မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.



.
မီးလောင်မှုဖြစ်ပွားရာသို့ မိုင်းယောင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအိုက်ခမ်းလှိုင်၊ ယာယီနည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီးထွန်းနေဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးမြင့်ဦး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းနေလှိုင်နှင့် ဌာနဆိုင်ရာများ၊ နယ်မြေခံ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများနှင့် လူမှုရေးအသင်းအဖွဲ့များက မီးသတ်ယာဉ် စီး၊ ရေသယ်ယာဉ် တစ်စီးနှင့် ဒေသရေသယ်ယာဉ် စီးဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ညနေ ၅ နာရီခွဲတွင် မီးညွန့်ကျိုးခဲ့ပြီး ၇ နာရီ ၅၅ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
.
အဆိုပါ မီးလောင်မှုကြောင့် အလျားပေ ၃၀၊ အနံ ၁၈ ပေရှိ RC တစ်ထပ်၊ သွပ်မိုးဆွမ်းစားဆောင် လုံး၏ သွပ်နှင့် ဒိုင်းမြှားများ မီးကူးစက်လောင်ကျွမ်းခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးကျပ် ၂၀၀၀၀၀ ခန့်ဖြစ်ကာ လူနှင့် တိရစ္ဆာန်များ ထိခိုက်ပျက်စီးဆုံးရှုံးမှု မရှိကြောင်း သိရသည်။
.

Journal Download

Photo of three cats