စိုင်းအောင်ဇော်လင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊
တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်အတွင်း ထွက်ရှိသည့် မျှစ်ခါးများသည် ယခုအချိန်တွင်
လှိုင်လှိုင်ပေါ်ချိန်ဖြစ်ရာ အရသာကောင်းမွန်ခြင်းကြောင့် ဝယ်ယူသူများပြားသဖြင့် မျှစ်ခါးရှာဖွေရောင်းချသူများ
ဝင်ငွေ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
.
.
အဆိုပါ
မျှစ်ခါးကို ဟင်းချိုရည်ချက်သောက်၍လည်းကောင်း၊ မီးဖုတ်/ပြုတ်၍
တို့စရာအဖြစ်လည်းကောင်း၊ အသားများ နှင့် ကြော်ချက်၍လည်းကောင်း အမျိုးမျိုး ချက်ပြုတ်စားသောက်နိုင်ကြောင်း
သိရသည်။
မိုင်းယောင်းမြို့နယ်အတွင်း
နှစ်စဉ် မိုးဦးလေဦး တစ်ကြိမ်နှစ်ကြိမ် ကျရောက်ပြီးချိန်၌ တောတောင်လျှိုများအတွင်း မျှစ်ခါးများ
ထွက်ပေါ်တတ်လေ့ရှိပြီး မျှစ်ခါး ၅ ချောင်းပါ တစ်စည်းလျှင် ကျပ် ၁၀၀၀ ဖြင့် ရောင်းချရကြောင်း
သိရသည်။
.
မိုင်းယောင်းမျှစ်ခါးသည်
အရသာကောင်းမွန်သဖြင့် ဒေသတွင်းလူကြိုက်များကာ မိုင်းဖြတ်၊ ကျိုင်းတုံ၊
တာချီလိတ်မြို့ များသို့ တစ်ဆင့်ဝယ်ယူရောင်းချသူများလည်းရှိကြောင်း သိရသည်။
.