မော်မော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်တွင် ဧပြီလ ၁၁ ရက်၊
နံနက်ပိုင်းက ငွေကျပ် ၁၈၅ သိန်း တန်ဖိုးရှိ ဘိန်းစိမ်း နှင့် စိတ်ကြွရူးသွပ်ဆေးပြားများ၊
လက်နက်ခဲယမ်းများကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
![]() |
Photo - CCDAC Myanmar |
.
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဧပြီလ ၁၁ ရက်၊ နံနက် ၇ နာရီခန့်က မိုင်းဆတ်မြို့နယ်၊
မတ်လန်းကျေးရွာအနီးတွင် နယ်မြေလုံခြုံရေး ဆောင်ရွက်နေစဉ် အဆိုပါ ကျေးရွာအနီး လျှိုအတွင်းမှ
မသင်္ကာဖွယ် တွေ့ရှိသူ မတ်လန်းကျေးရွာနေ လောတား
(၆၅ နှစ်) နှင့် ယာလန် (၂၆ နှစ်) တို့အား စစ်ဆေးရှာဖွေရာ ၎င်းတို့ထံမှ ဘိန်းစိမ်း အလေးချိန်
၁၁ ကီလို၊ ဒေသပေါက်ဈေး ငွေကျပ် ၁၈၅ သိန်းနှင့် ပလတ်စတစ်ကပ်ခွာအိပ်များဖြင့် ထည့်ထားသည့်
စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ပြား၊ ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် သိန်း ၂၀ တို့ကိုလည်းကောင်း၊
၁၂ ဗို့သေနတ် ၁ လက်၊ ၎င်းကျည် ၈ တောင့် တို့ကိုလည်းကောင်း တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
အဆိုပါ မူးယစ်ဆေးဝါးများ၊ လက်နက်ခဲယမ်းများနှင့် အတူ ဖမ်းဆီးရမိသူ
လောတားနှင့် ယာလန်တို့ ၂ ဦးအား မိုင်းဆတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို
ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိပြီး ကွင်းဆက်များဖော်ထုတ်
စုံစမ်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
.