မိုင်းဆတ်မြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၁၄ လုံး ပျက်စီး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းဆတ်မြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၁၄ လုံး ပျက်စီး


စိုင်းသိင်္ခသူ
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်၌ ဧပြီလ ၂၃ ရက်၊ ညနေ ၃ နာရီခွဲခန့်က လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ် ၁၄ လုံး နှင့် အဆောက်အဦ အချို့ ပျက်ဆီးခဲ့ရကြောင်း သိရသည်။
.

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် မိုင်းဆတ်မြို့နယ်အတွင်းရှိ မယ်ပုလုံကျေးရွာအုပ်စု၊ မယ်ကျန်း ကျေးရွာရှိ နေအိမ် ၁၁ လုံး၊ မအို့ကျေးရွာအုပ်စု၊ ဝမ်ပုံကျေးရွာရှိ နေအိမ် ၁ လုံး၊ ဆန်ကန်ကျေးရွာအုပ်စု၊ ဟိုဟွေ့ကျေးရွာရှိ နေအိမ် ၂ လုံး၊ စုစုပေါင်း နေအိမ် ၁၄ လုံးနှင့် ဟိုဟွေ့ကျေးရွာရှိ လားဟူစာပေနှင့် ယဉ်ကျေးမှု ခန်းမဆောင်တို့ ပျက်စီးခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
.
လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ်နှင့် အဆောက်အဦများ ပျက်ဆီးခဲ့ရသော်လည်း လူနှင့် တိရစ္ဆာန်များ ထိခိုက်ခြင်း မရှိဘဲ လေဘေးသင့် ပြည်သူ ၆၁ ဦးအား နီးစပ်ရာ ဆွေမျိုးများ၏ နေအိမ်တွင် ခေတ္တ နေရာ ချထားပေးကြောင်း သိရသည်။
.

Journal Download

Photo of three cats