နန်းဝင်းရီ
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊
မန့်ဟီးရိုးမြို့၊ နောင်ဟင်ကူးတို့ဆိပ်တွင် ဧပြီလ ၂၇ ရက်၊ ညနေပိုင်းက ငွေကျပ် ၇၆ သိန်းကျော်
တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားများအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
![]() |
Photo - CCDAC Myanmar. |
.
မူဆယ်မြို့နယ်၊ မန့်ဟီးရိုးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ဧပြီလ ၂၇ ရက်၊ ညနေ ၆ နာရီ ၄၅ မိနစ်ခန့်က မန်ဟီးရိုးမြို့၊ နောင်ဟင်ကျေးရွာ၊ ဖိုင်ကျောင်း-နောင်ဟင် ကူးတို့ဆိပ်တွင် စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ဖိုင်ကျောင်းကျေးရွာဘက်မှ နောင်ဟင်ကျေးရွာဘက်သို့ မူဆယ်မြို့နယ်၊ နောင်လောင်းကျေးရွာနေ အေးစိုင်း (၅၂ နှစ်) စီးနင်းမောင်းနှင်လာသည့် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ် အတွင်းသိုဝှက်သယ်ဆောင်လာသော ဆပ်ပြာခွက်များဖြင့်ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၉၉ ဂရမ်၊ ဒေသကာလ ပေါက်စျေးတန်ဖိုးငွေကျပ် ၁၉ သိန်း ၈ သောင်းနှင့် ပလတ်စတစ်ကပ်ခွာအိတ် များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ် ဆေးပြား ၃၈၀၀ ပြား၊ ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၅၇ သိန်း၊ စုစုပေါင်း ငွေကျပ် ၇၆ သိန်း ၈ သောင်း တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားများအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုနှင့်
ပတ်သက်၍ မန့်ဟီးရိုးနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော
ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်များဖော်ထုတ်
စစ်ဆေးလျက် ရှိကြောင်း သိရသည်။
.