မိုင်းဆတ်မြို့နယ်၌ တောမီးမှ တဆင့် နေအိမ် ၃၆ လုံးနှင့် စာသင်ကျောင်းသို့ မီးကူးစက် လောင်ကျွမ်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းဆတ်မြို့နယ်၌ တောမီးမှ တဆင့် နေအိမ် ၃၆ လုံးနှင့် စာသင်ကျောင်းသို့ မီးကူးစက် လောင်ကျွမ်း

စိုင်းသိင်္ခသူ
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်တွင် ဧပြီလ ၂ ရက်က တောမီးမှတစ်ဆင့် မီးကူးစက် လောင်ကျွမ်းခဲ့သဖြင့် နေအိမ် ၃၆လုံးနှင့် စာသင်ကျောင်းသို့ မီးကူးစက် လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
.
မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်း တောင်ပေါ်အု​ပ်စု၊ ခတ်ကြားဒေ(၁) ကျေးရွာ၌ တောမီးမှ တစ်ဆင့် မီးကူးစက် လောင်ကျွမ်းမှုကြောင့် သက်ကယ်မိုး၊ ဝါးထရံကာအိမ် ၄ လုံး ပျက်စီးဆုံးရှုံးခဲ့သည့် အပြင် ပုံတပ်(၁) ကျေးရွာ၏ အနောက်ဘက်ရှိ တောအုပ်အတွင်း၌ တောမီး လောင်ကျွမ်းနေ၍ ရွာသားများ ဝိုင်းဝန်း ငြှိမ်းသတ်စဉ် ဦးကျဟယ်၏ နေအိမ်သို့ မီးပွား ကျကာ မီး လောင်ကျွမ်းခဲ့ပြီးနောက် အခြား နေအိမ် ၃၂ လုံးနှင့် စာသင်ကျောင်းကိုပါ မီးကူးစက် လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ဓါတ်ပုံ - သန်းဇော်ဦး


ယင်းကဲ့သို့ မီးလောင်ကျွမ်းမှုကြောင့် အိမ်ထောင်စု ၃၆ စု၊ လူဦးရေ ၁၅၈ ဦးခန့် အိမ်ရာမဲ့ ဖြစ်ခဲ့ရသော်လည်း လူနှင့် တိရစ္ဆာန်များ ထိခိုက် ဆုံးရှုံးမှု မရှိကြောင်း သိရသည်။
.
အဆိုပါ မီးဘေးသင့် ပြည်သူများအား နီးစပ်ရာ ၎င်းတို့၏ ဆွေမျိုးများ နေအိမ်တွင် ခေတ္တနေရာ ချထားပေးပြီး ကျေးရွာမှ နေထိုင် စားသောက်ရေး ဝိုင်းဝန်း ကူညီ ဆောင်ရွက်ထားကြောင်း သိရသည်။

Journal Download

Photo of three cats