နန်းဝင်းရီ
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဖြတ်မြို့တွင်
ဧပြီလ ၂၅ ရက်က စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀ ကျော်အား ဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။
.
![]() |
Photo - CCDAC Myanmar |
.
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ
ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီလ ၂၅ ရက်က မူးယစ်ဆေးဝါး သတင်းအရ သက်သေများနှင့်အတူ
မိုင်းဖြတ်မြို့၊ ဈေးတန်း (ကွက်သစ်) ရပ်နေ ဝင်းနိုင်ဦး (၂၄ နှစ်) ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ
၎င်းအား နေအိမ်တွင် အသင့်တွေ့ရပြီး နေအိမ်အိပ်ခန်းအတွင်းမှ ပလတ်စတစ် ကပ်ခွာအိတ်များ
ဖြင့် ထည့်ထားသည့်
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ
တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့် အတူ
မိုင်းဖြတ်မြို့နယ်၊ ဈေးတန်း(ကွက်သစ်)ရပ်ကွက်နေ ဝင်းနိုင်ဦး (၂၄ နှစ်)၏ နေအိမ်အား
ဝင်ရောက်ရှာဖွေရာ နေအိမ် အိပ်ခန်းအတွင်းမှ ပလတ်စတစ် ကပ်ခွာအိတ်များဖြင့်
ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၃၀၉၀ ပြား၊ ဒေသ ကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၃၀ ဒသမ
၉ သိန်းအား တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ
ဖမ်းဆီးရမိသူ ဝင်းနိုင်ဦး (၂၄ နှစ်) အား မိုင်းဖြတ်မြို့မရဲစခန်းတွင်
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်
အရေးယူထားပြီး ကွင်းဆက်များ ဖော်ထုတ် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
.