မိုင်းပျဉ်းမြို့ရှိ တည်းခိုခန်းနှင့် ယာဉ်လိုင်းများအား ယာယီ ပိတ်သိမ်းထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းပျဉ်းမြို့ရှိ တည်းခိုခန်းနှင့် ယာဉ်လိုင်းများအား ယာယီ ပိတ်သိမ်းထား

ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းပျဉ်းမြို့ရှိ တည်းခိုခန်းများနှင့် ကျိုင်းတုံ- တာချီလိတ်သို့ ပြေးဆွဲနေသည့် မော်တော်ယာဉ်လိုင်းများကို COVID-19 ကူးစက်မှု ကြိုတင်ကာကွယ်ရေးအတွက် ဧပြီလ ၃ ရက်တွင် ယာယီ ပိတ်သိမ်းထားကြောင်း သိရသည်။
.

“ တည်းခိုခန်းတွေကတော့ ဧပြီ ၁ ရက်မှာ စ ပိတ်ပြီး ကား ယာဉ်လိုင်းတွေကတော့ ၃ ရက်နေ့မှာ စ ပိတ်လိုက်တာ ဖြစ်ပါတယ်။ အရေးကြီး ကျန်းမာရေး လူနာနဲ့ ကုန်စည်လောက်ပဲ သွားလာဖို့ ခွင့်ပြုပေးထားပါတယ်” ဟု မိုင်းပျဉ်းမြို့ရှိ ရွှေနမ့်ပိန်း မော်တော်ယာဉ်လိုင်း ဥက္ကဌ ဦးအောင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
မိုင်းပျဉ်းမြို့သည် တောင်ကြီးမြို့မှ ထွက်ခွာလာသည့် ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်များ ထမင်းစားနား၊ ညအိပ် ရပ်နားသည့် မြို့ ဖြစ်ပြီး လူနှင့် ယာဉ်အဝင်/အထွက် များပြားသည့် မြို့ ဖြစ်သည်။
.
ထို့အပြင် မိုင်းပျဉ်းမြို့သည် အထူးဒေသ (၂)၊ (၄) နှင့် ဆက်သွယ် သွားလာနိုင်သည့် ကားလမ်းနှင့် မိုင်းတုံ၊ မိုင်းဆတ်သို့ သွားလာနိုင်သည့် ကားလမ်းများပေါ်တွင် တည်ရှိပြီး မိတ္ထီလာ- တောင်ကြီး- ကျိုင်းတုံ- တာချီလိတ် ပြည်ထောင်စု လမ်းမပေါ်တွင် ရှိသော မြို့ ဖြစ်ခြင်းကြောင့် ယာဉ်နှင့် လူ အဝင်/အထွက် များပြားသည့်အတွက် COVID-19 နှင့် ပတ်သက်၍ ဒေသခံများက စိုးရိမ်မှုများ ဖြစ်ပေါ်နေကြောင်းလည်း သိရသည်။

Journal Download

Photo of three cats