စုလှိုင်
.
ရှမ်းပြည်နယ်မြို့တော်
တောင်ကြီးမြို့တွင် လျှပ်စစ်ဓါတ်အားခ ကောက်ခံမှုများအား ဧပြီလ ၆ ရက်မှ စတင်၍ ရက် ပြောင်းရွှေ့ကောက်ခံလျက်ရှိကြောင်း
သိရသည်။
.
.
"EPC
Facebook page နဲ့ MOE Facebook page တွေမှာ တင်ထားတယ်။ အခုဖတ်ချက်က မတ်လအတွက်ပဲ
လာဖတ်တာပါ။ လျှော့ဖို့ဆိုရင်တော့ ဧပြီလထဲပဲ လျှော့ရမှာပါ။ အခုရောက်နေတဲ့ မီတာစာရွက်အတိုင်း
ရုံးမှာ ဆောင်ရမယ်။ အလျှော့အတင်း မရှိပါဘူး” ဟု တောင်ကြီးမြို့နယ်အတွင်း လျှပ်စစ်ဓါတ်အား
ဖြန့်ဖြူးရေးလုပ်ငန်း ဆောင်ရွက်နေသည့် လင်းသီဟ လျှပ်စစ်နှင့် အထွေထွေဝန်ဆောင်မှု ကုမ္ပဏီမှ
စီမံရေးရာ Superviser ကို ဇင်ကိုက ကမ္ဘောဇတိုင်းသို့ ပြောသည်။
လင်းသီဟ ကုမ္ပဏီအနေဖြင့် ၂၀၂၀ ပြည့်နှစ် မြန်မာနှစ်သစ်ကူး ရုံးပိတ်ရက်များဖြစ်သည့်
ဧပြီလ ၁၀ ရက်မှ ၁၇ ရက် အထိ ငွေလက်ခံကောင်တာများ ပိတ်ထားမည်ဖြစ်ပြီး ဧပြီလ ၁၈ ရက်မှ
စတင်၍ ပုံမှန် ရုံးဖွင့်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။
.
လျှပ်စစ်ဓာတ်အား သုံးစွဲသူများအနေဖြင့် မီတာဘေလ်များကို
လက်ဝယ်သို့ရောက်ရှိလာခြင်းမရှိပါက ယခင်လက ပေးဆောင်ခဲ့သော မီတာ
စာရွက်အဟောင်းအား ယူဆောင်လာပြီး လာရောက်ပေးဆောင်နိုင်ကြောင်း သိရသည်။
.
လင်းသီဟ လျှပ်စစ်နှင့် အထွေ ထွေ ဝန်ဆောင်မှု ကုမ္ပဏီသည်
တောင်ကြီးမြို့နှင့် အေးသာယာမြို့ တို့တွင် လျှပ်စစ်ဓါတ်အား ဖြန့်ဖြူး
ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အ တွက် ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ တွင်လျှပ်စစ်နှင့်
စွမ်းအင်ဝန်ကြီးဌာ နနှင့် ပဋိဉာဉ်စာချုပ် ချုပ်ဆို လုပ်ကိုင် နေခြင်းဖြစ်ကြောင်း
သိရသည်။
.