စိုင်းမျိုးသန့်၊ ခင်လေးဝင်း
.
အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး
ဗိုလ်ချုပ်သန်းလှိုင်သည် ဧပြီလ ၂၄ ရက်နှင့် ၂၅ ရက်များက ရှမ်းပြည်နယ် တောင်ပိုင်း၊
လင်းခေးခရိုင်၊ မောက်မယ်ပြည်သူ့ဆေးရုံနှင့် လွိုင်လင်ခရိုင်၊ ခိုလမ်ပြည်သူ့ဆေးရုံများသို့
ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
.
.
အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်
တာဝန်ရှိသူများသည် ဧပြီလ ၂၄ ရက်၊ နေ့လယ်ပိုင်းက မောက်မယ် မြို့နယ်ပြည်သူ့ဆေးရုံအတွက်
ကိုရိုနာဗိုင်းရပ်စ် COVID-19 ကူးစက် ရောဂါ ကြိုတင်ကာကွယ်
ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများဖြစ်သည့် PPE ဝတ်စုံ ၁၂၀ စုံ၊ Hand Gel ၁၀၈
ဘူး၊ Mask ၃၀၀ ခု၊ လက်အိတ် ၂၀ စုံ ၊ မျက်မှန် ၁၀
လက်၊ ကျန်းမာရေးဝန်ထမ်းများအတွက် ကြက်ဥ၊ ရွှေဖီဦးလက်ဖက်ရည်ထုပ်များ နှင့်
ဆေးရုံတက်လူနာများအတွက် အစားအစာရိက္ခာများ ထောက်ပံ့ပေးအပ်ခဲ့ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးစိုင်းငေါင်းဆိုင်ဟိန်း၊ မောက်မယ်မြို့နယ်ကိုရိုနာဗိုင်းရပ်စ် COVID-19 ကူးစက် ရောဂါ
ကြိုတင်ကာကွယ်ထိန်းချုပ် ကုသရေး မြို့နယ်အဆင့်လုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဉီးဟန်သူရ နှင့်
မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမြမြသန်း တို့က လက်ခံရယူကြောင်း သိရသည်။
အလားတူ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်
တိုင်းမှူးသည် ယနေ့ ဧပြီလ ၂၅ ရက်၊ နံနက်ပိုင်းက လွိုင်လင်ခရိုင်၊ ခိုလမ်မြို့နယ်၊ ပြည်သူ့ဆေးရုံသို့
သွားရောက်၍ COVID-19 ကပ်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အထောက်
အကူပြုပစ္စည်းများဖြစ်သည့် လက်အိတ် ၄ ဘူး၊ မျက်မှန် ၅ လက်၊ Hand
Gel ၂၅ ဘူး၊ လက်ဆေးဆပ်ပြာ ၈၅ ဘူးနှင့် ကြက်ဥ၊ ပဲနို့၊
ပေါင်မုန့် စသည့် အထောက်အကူပြုပစ္စည်းများ ထောက်ပံ့လှူဒါန်းရာ ခိုလမ်ဆေးရုံအုပ်ကြီး
ဒေါက်တာလင်းထင်ကျော်က လက်ခံရယူပြီး တိုင်းမှူးမှ သာမန်ဖျားနာနေသူများအား လိုက်လံကြည့်ရှုအားပေးကာ
ကြက်ဥ၊ ပဲနို့နှင့် ပေါင်မုန့်တို့ကို လှူဒါန်းဝေငှပေးခဲ့ကြောင်း သိရသည်။
.