ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့မစျေး၏
အပြင်ဖက်တွင် ရှိသော ပျံကျစျေးဆိုင်တန်းအား COVID-19 ရောဂါ ကူးစက်မှု ကြို တင်ကာကွယ်ရေးအတွက် ဧပြီ ၁၉ ရက်တွင် ဖျက်သိမ်း၍ အကွာအဝေး
စနစ်တကျ ဖြင့် ခင်းကျင်း ရောင်းချရမည့် ယာယီဈေးကို ဧပြီလ ၂၀ ရက်မှ စတင် ဖွင့်လှစ်ထားကြောင်း
သိရသည်။
.
ယင်း ဖျက်သိမ်းခဲ့သည့် ပျံကျစျေးတန်းသည်
စျေးခုံ တစ်ခုလျှင် ၄ ပေ၊ ၃ ပေ အကျ ယ်ဖြင့် သစ်သီးစုံ ၊ ဟင်းသီး ဟင်းရွက် ၊ သားငါး
၊ ကုန်ခြောက်၊ စားသောက်ကုန် ၊ အိမ်သုံးပစ္စည်းများကို ခင်းကျ င်း ရောင်းချသည့် အပြင်
ဆိုင်၏ ရှေ့နောက်မှာလည်း နေရာကျဉ်းမြောင်းခြင်းကြောင့် စျေးဝယ်သူများ တိုးဝှေ့သွားလာ
ဝယ်ယူနေရသဖြင့် COVID-
19 ရောဂါ ကူးစက်မှု အန္တရာယ် ရှိနိုင်ခြင်းကြောင့်
ဖျက်သိမ်းရခြင်း ဖြစ်ကြောင်း သိရသည်။
.
“ စျေးသူစျေးသားတွေရဲ့ ပူးပေါင်း
ကူညီပေးမှုကို ကျေးဇူးတင်ပါတယ်။ ရောင်းသူ ဝယ်သူ အားလုံးအတွက် ရောဂါ ကူးစက်မှု မဖြစ်အောင်
ကြိုတင် ကာကွယ်တာ ဖြစ်ပါတယ်။ ရောဂါဖြစ်ပွားမှု မရှိတော့လို့ ပုံမှန်အတိုင်း ဖြစ်သွားရင်
မူလပျံကျ ဆိုင်ပိုင်ရှင်တွေအတွက် ပိုပြီး ကောင်းတဲ့ပုံစံနဲ့ နေရာ ပြန် ချပေးမှာ ဖြစ်ပါတယ်။”
ဟု ကျိုင်းတုံ မြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်က
ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ယာယီဈေး ဖွင့်လှစ်ထားသည့်
ကျိုင်းတုံ မြို့မစျေး၏ အပြင်တန်းနှင့် စျေးအတွင်းရှိ အလယ်လမ်းနေရာ၌ COVID- 19 ကူးစက်ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် အကွာအဝေး စနစ်တကျဖြင့်
စျေးခင်း ရောင်းချ နေသည့် အခြေအနေကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး
၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်နှင့်
တာဝန်ရှိသူများက ဧပြီလ ၂၀ ရက်၊ နံနက်ပိုင်းတွင် လှည့်လည် ကြည့်ရှု စစ်ဆေးမှုများ
ပြုလုပ်ခဲ့ကြောင်း သိရသည်။
.