လားရှိုးတွင် မူးယစ်ဆေးဝါးနှင့် ဘိန်းဖြူများ ဖမ်းဆီးရမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လားရှိုးတွင် မူးယစ်ဆေးဝါးနှင့် ဘိန်းဖြူများ ဖမ်းဆီးရမိ


နန်းဝင်းရီ
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ မန်အိုင်ကျေးရွာအုပ်စု၊ နမ့်ကျန်ကျွတ်ကျေးရွာရှိ နေအိမ်တစ်လုံးတွင် ဧပြီလ ၂၄ ရက်က မူးယစ်ဆေးဝါးနှင့် ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
Photo - CCDAC Myanmar
.
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့သည် ဧပြီလ ၂၄ ရက်က မူးယစ်ဆေးဝါး သတင်းအရ သက်သေများနှင့်အတူ လားရှိုးမြို့နယ်၊ နမ့်ကျန်ကျွတ်ကျေးရွာနေ ဒေါ်ရန်ရှန်းလျန် (၅၇ နှစ်)၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်း၏ နေအိမ် အိပ်ခန်း ကုတင်အောက်ရှိ ကြွတ်ကြွတ်အိတ် အတွင်းမှ ပလတ်စတစ်ကပ်ခွာ အိတ်များဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁ဝဝဝ ပြားနှင့် ကော်ဘူးဖြင့် ထည့်ထားသည့် ဘိန်းဖြူ အလေးချိန် ၇ ဂရမ် တို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
အဆိုပါ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍လားရှိုးမြို့မ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့် အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
.

Journal Download

Photo of three cats