ကျောက်တလုံးကြီးအထကတွင် ၁၄ ရက် ကျန်းမာရေးစောင့်ရှောက်မှု ခံယူနေသူများအား ဒေသခံလူငယ်များက တေးသီးချင်းဖြင့် ဖျော်ဖြေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျောက်တလုံးကြီးအထကတွင် ၁၄ ရက် ကျန်းမာရေးစောင့်ရှောက်မှု ခံယူနေသူများအား ဒေသခံလူငယ်များက တေးသီးချင်းဖြင့် ဖျော်ဖြေ


ခွန်အာကာ (ကျောက်တလုံးကြီး)
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ် ထားသည့် ၁၄ ရက် ကျန်းမာရေး စောင့်ကြပ်ကြည့်ရှုမှုစင်တာတွင် စောင့်ရှောက်မှု ခံယူနေသူများအား အားငယ်မှု မဖြစ်စေရေးနှင့် စိတ်ပျော်ရွှင်မှု ရရှိစေရန်အတွက် ဧပြီလ ၇ ရက်က ဒေသခံလူငယ်များမှ တေးဂီတများဖြင့် သွားရောက် ဖျော်ဖြေခဲ့သည်ဟု သိရသည်။
.
.
"တခြားဒေသတွေမှာလည်း ၁၄ ရက် ကျန်းမာရေးစောင့်ကြပ် ကြည့်ရှုမှုခံယူနေသူတွေကို ဒေသခံတီးဝိုင်းတွေက သွားရောက်ဖျော်ဖြေကြသလို ကျွန်တော်တို့လည်း ကူညီနိုင်တဲ့ဘက်ကနေ ကျွန်တော်တို့ ဝါသနာပါတဲ့ အနုပညာနဲ့ အားဖြည့် ကူညီခွင့်ရတဲ့အတွက် ဝမ်းသာကြည်နူးမိပါတယ်။ ဝါသနာပါတဲ့အနုပညာနဲ့ ဖျော်ဖြေခွင့်ရဖို့ ဖိတ်ကြားပေးတဲ့ "နိုးတူး"က ကိုခွန်မောင်သိန်းကို အထူးကျေးဇူးတင်ရှိပါတယ်" ဟု ခွန်ခွို့သွီးယား တီးဝိုင်းအဖွဲ့မှ ခေါင်းဆောင် ခွန်ထီးက ပြောသည်။
.
ထို့အတူ ကျောက်တလုံးကြီး Facilities Quarantine Center တွင် ၁၄ ရက် ကျန်းမာရေးစောင့်ရှောက်မှု ခံယူနေသူ ခွန်စိုးမောင်ကလည်း "ကျွန်တော် ထိုင်းက ပြန်လာတာမကြာသေးဘူး။ ပြန်ရောက်ရောက်ချင်း ဒေသက တာဝန်ရှိသူတွေက ဒေသ၊ လူမျိုး၊ မိသားစု အတွက် ၁၄ ရက် ကျန်းမာရေး စောင့်ကြပ် ကြည့်ရှုမှုခံယူဖို့ပြောတော့ ကျွန်တော်လည်း လက်ခံခဲ့တယ်။  Quarantine Centre မှာနေတဲ့သူ‌တွေကို စိတ်အားမငယ်ဖို့ ပျော်ရွှင်စေဖို့ သူငယ်ချင်းတွေနဲ့ အတူ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ကူညီခွင့်ရတဲ့အတွက် ဝမ်းမြောက်မိပါတယ်" ဟု ၎င်း၏ အမြင်ကို ပြောဆိုခဲ့သည်။
.
အဆိုပါ ကျောက်တလုံးကြီးမြို့ရှိ ကျန်းမားရေးစောင့်ရှောက်မှုစင်တာတွင် Quarantine ၁၄ ရက် ကျန်းမာရေး စောင့်ကြပ် ကြည့်ရှူမှုခံယူနေသူ ၃၃ ဦးရှိပြီး မတ်လ ၇ ရက်တွင် ၁၄ ရက်ပြည့် မိမိရပ်ကွက် ကျေးရွာသို့ ပြန်မည့်သူ ၁၃ ဦးရှိကြောင်း သိရသည်။
.

Journal Download

Photo of three cats