ကမ္ဘောဇတိုင်း
.
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ မြန်မာနှစ်ဆန်းတစ်ရက်
ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ယနေ့ ဧပြီလ ၁၇ ရက်က ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံအကျဉ်းထောင်မှ
နိုင်ငံခြားသား အကျဉ်းသား အပါအဝင် စုစုပေါင်း အကျဉ်းသား ၃၄၆ ဦး ပြန်လည်လွတ်မြောက် လာခဲ့သည်ဟု
သိရသည်။
.
.
အဆိုပါ လွတ်မြောက်လာသူများမှာ မြန်မာနိုင်ငံသား
ကျား ၂၈၄ ဦး၊ မ ၃၁ ဦးနှင့် နိုင်ငံခြားသား ကျား ၂၉ ဦး၊ မ ၂ ဦးတို့ ဖြစ်သည်ဟု သိရသည်။
နိုင်ငံတော်သမ္မတရုံးမှ အမိန့်အမှတ်
(၁၂/၂၀၂၀) ဖြင့် နိုင်ငံသား အကျဉ်းသား/သူ ၂၄၈၆၉ ဦးကိုလည်းကောင်း၊ အမိန့်အမှတ်
(၁၃/၂၀၂၀) ဖြင့် နိုင်ငံခြားသား အကျဉ်းသား/သူ ၈၇ ဦးတို့ကိုလည်းကောင်း
စည်းကမ်းသတ်မှတ်ချက် မထားဘဲ ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့် ပြုခဲ့ခြင်းဖြစ်ပြီး
နိုင်ငံခြားသား အကျဉ်းသားများကို ပြည်နှင်ဒဏ် ပေးခဲ့ကြောင်း သိရသည်။
.
ထို့အတူ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်အကျဉ်းထောင်မှ
အကျဉ်းသား ကျား ၁၄၉ ဦး၊ မ ၄၀ ဦး၊ စုစုပေါင်း ၁၈၉ ဦး နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊
သီပေါအကျဉ်းထောင်မှ အကျဉ်းသား ကျား ၂၉၇ ဦး ပြန်လည်လွတ်မြောက်လာခဲ့သည် ဟု သိရသည်။
.