COVID-19 ကင်းစင်ချိန်တွင် ဝန်ထမ်းများအား တစ်ဝက်တက်၊ တစ်ဝက်ခွင့်ပြန်စနစ်ဖြင့် အစားထိုးခွင့်ပေးရန် သမ္မတရုံး ညွှန်ကြားထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, April 5, 2020

COVID-19 ကင်းစင်ချိန်တွင် ဝန်ထမ်းများအား တစ်ဝက်တက်၊ တစ်ဝက်ခွင့်ပြန်စနစ်ဖြင့် အစားထိုးခွင့်ပေးရန် သမ္မတရုံး ညွှန်ကြားထား

ထက်တိုင်းကျော်
.
နိုင်ငံ့ဝန်ထမ်းများအား သင်္ကြန်ကာလ ရုံးပိတ်ရက်အတွင်း နေရပ်မပြန်ကြရန်နှင့် COVID-19 ကင်းစင်ချိန်၌ တစ်ဝက် တက်၊ တစ်ဝက်ခွင့်ပြန်စနစ်ဖြင့် ခွင့်ပြုပေးရန် နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားထားကြောင်း သိရသည်။
.
 
.
နိုင်ငံတော်သမ္မတရုံးမှ ဧပြီလ ၄ ရက်စွဲပါစာဖြင့် မဟာသင်္ကြန်ရုံးပိတ်ရက်အတွင်း ဌာနဆိုင်ရာဝန်ထမ်းများအား မိသားစု ရှိရာနေရပ်သို့ ပြန်ကြရာတွင် လမ်းခရီး၌လည်းကောင်း၊ နေရပ်သို့ ရောက်ရှိစဉ်တွင်လည်းကောင်း COVID-19 ရောဂါ ကူးစက်ခံရနိုင်ပြီး ရုံးပိတ်ရက် ကုန်ဆုံး၍ တာဝန်ချိန် ပြန်လည်ထမ်းဆောင်ချိန်တွင်လည်း ရောဂါကူးစက်ခံထားရသူ ဝန်ထမ်းများမှတစ်ဆင့် ရုံးဌာနအတွင်းရှိ အခြားဝန်ထမ်းများသို့ ကူးစက်ခံရနိုင်သဖြင့် ဝန်ထမ်းများအားလုံးအား အရေးကြီး နာရေးကိစ္စမှအပ ခရီးသွားလာခွင့်မပြုရန်နှင့် COVID-19 ရောဂါပိုး ကင်းစင်သည့်အချိန်တွင် တစ်ဝက်တက်၊ တစ်ဝက်ခွင့်ပြန်စနစ်ဖြင့် ပြန်လည်ဆောင်ရွက်ပေးရန် ညွှန်ကြားထားခြင်းဖြစ်ကြောင်း သိရသည်။
.
“အခုလို COVID-19 ကာကွယ်ရေးအတွက် နိုင်ငံတော်သမ္မတရုံးရဲ့ အမိန့်နဲ့ ရုံးဝန်ထမ်းအင်အား တစ်ဝက်က ရုံးတက် ပြီး ကျန်တဲ့တစ်ဝက်က အိမ်လိုင်းခန်း အဆောင်မှာ နေပေးဖို့ ညွှန်ကြားစာ ထုတ်တယ်လို့ ကြားရတယ်။ ကျွန်မတို့ ဌာနကတော့ ရုံးလူအင်အားမရှိလို့ နေ့တိုင်း ရုံးတက်နေရပါတယ်။ သင်္ကြန်အတွက် အစားထိုးရုံးပိတ်ရက် တစ်ဝက်တက်၊ တစ်ဝက်ခွင့်ပြန်ဆိုတာ မဖြစ်နိုင်ပါဘူး” ဟု ကျိုင်းတုံမြို့နေ ဝန်ထမ်းတစ်ဦးက ၎င်း၏အမြင်ကို ပြောသည်။
.
ကျိုင်းတုံမြို့သည် ဒုတိယပြည်နယ်အဆင့်၊ ခရိုင်အဆင့် ရုံးစိုက်ရာ မြို့နယ်တစ်ခုဖြစ်ပြီး မြို့နယ်အတွင်းရှိ ရုံးဌာနများ တွင် ဝန်ထမ်းအင်အား ဖွဲ့စည်းပုံအတိုင်း ခန့်ထားနိုင်ခြင်း မရှိသဖြင့် လစ်လပ်နေရာများအတွက် ရှိသည့်ဝန်ထမ်း အင်အားဖြင့် ရုံးလုပ်ငန်းများ အစားထိုး လည်ပတ်ဆောင်ရွက်နေရဆဲဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About