ကျိုင်းတုံဆေးရုံတွင် ဓါတ်ခွဲအဖြေ မသိရသေးသည့် စောင့်ကြည့်လူနာ တစ်ဦး ကွယ်လွန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျိုင်းတုံဆေးရုံတွင် ဓါတ်ခွဲအဖြေ မသိရသေးသည့် စောင့်ကြည့်လူနာ တစ်ဦး ကွယ်လွန်

ထက်တိုင်းကျော်
.
ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံပြည်သူ့ဆေးရုံတွင် COVID-19 ဓါတ်ခွဲအဖြေ မသိရသေးသည့် စောင့်ကြည့်လူနာ အမျိုးသား တစ်ဦး ဧပြီလ ၂၄ ရက်က ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။
.
အဆိုပါ ကွယ်လွန်သူမှာ အသက် ၅၉ နှစ် အရွယ် အမျိုးသား ဖြစ်ပြီး COVID-19 အတည်ပြုလူနာနှင့် ထိတွေ့ခဲ့ဖူးခြင်း မရှိဘဲ ကျိုင်းတုံဆေးရုံ၌ ဧပြီလ ၂၂ ရက်က တက်ရောက် ဆေးကုသမှု ခံယူနေခြင်း ဖြစ်ပြီး ၎င်း၏ ဓါတ်ခွဲနမူနာအား ရန်ကုန်မြို့သို့ ဧပြီလ ၂၃ ရက်က ပို့ဆောင်ထားကာ ဓါတ်ခွဲအဖြေ မရသေးကြောင်း သိရသည်။
.

“ သေဆုံးသွားသူက သွေးတိုး၊ လေဖြတ်နဲ့ ပြင်းထန်အဆုတ်ရောင် ရောဂါ ခံစားနေရသူ ဖြစ်ပါတယ်။ ဓါတ်ခွဲအဖြေကို မသိရသေးပါဘူး။” ဟု ကျိုင်းတုံပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာ လှဌေးမင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ရှမ်းပြည်နယ်တွင် COVID-19 နှင့် ပတ်သက်၍ ဆေးရုံ တက်ရောက်၍ ဆေးကုသမှု ခံယူနေစဉ် ကွယ်လွန်ခဲ့သူ ဧပြီလ ၂၂ ရက်ထိ စုစုပေါင်း ၁၁ ဦး ရှိပြီး ၎င်းတို့၏ ဓါတ်ခွဲအဖြေများတွင် COVID-19 ပိုး မတွေ့ရကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။
.

Journal Download

Photo of three cats