ကျိုင်းတုံမြို့တွင် ညမထွက်ရအမိန့်အား ဖောက်ဖျက်သူ ၅ ဦးကို ထောင်ဒဏ် ၃ လ ကျခံရန် အမိန့်ချ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျိုင်းတုံမြို့တွင် ညမထွက်ရအမိန့်အား ဖောက်ဖျက်သူ ၅ ဦးကို ထောင်ဒဏ် ၃ လ ကျခံရန် အမိန့်ချ

ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် ည မထွက်ရအမိန့်အား ဖောက်ဖျက်သူ ၅ ဦးကို ကျိုင်တုံမြို့နယ်တရားရုံးက ထောင်ဒဏ် ၃ လ ကျခံစေရန် ယနေ့ (ဧပြီလ ၂၄ ရက်)တွင် အမိန့် ချမှတ်ခဲ့ကြောင်း သိရသည်။
.
ကျိုင်းတုံမြို့နယ်တွင် COVID-19 ကူးစက်ရောဂါ မပြန့်ပွားစေရေးအတွက် ကျိုင်းတုံမြို့နယ် အုပ်ချုပ်ရေးမှူးက ထုတ်ပြန်ထားသည့် ည မထွက်ရ အမိန့်ကို မလိုက်နာသူ ၅ ဦးကို ထုတ်ပြန်ထားသည့် ဒေသန္တရအမိန့်အား ဖောက်ဖျက်ကျူးလွန်မှုဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူးက ကျိုင်းတုံမြို့နယ် တရားရုံးတွင် ဦးတိုက်လျှောက် တရား စွဲဆိုထားခြင်း ဖြစ်ကြောင်း သိရသည်။
.

“ ဟုတ်ပါတယ်။ အမျိုးသား ၅ ယောက်က ညမထွက်ရ အမိန့်ကို ဖောက်ဖျက် ကျူးလွန်ခဲ့လို့ တရားရုံးမှာ ကျွန်တော် တရားလို လုပ်ပြီး တရားစွဲပါတယ်။ COVID-19 ကူးစက်ရောဂါ ကာကွယ်ရေးအတွက် ဒီဒေသမှာ နေကြတဲ့ သူတွေ အကျိုးအတွက် လုပ်တာ ဖြစ်ပါတယ်။” ဟု ကျိုင်းတုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမိုးဆန်းထွန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ကျိုင်းတုံမြို့ ပြည်သူ့ဆေးရုံတွင် COVID-19 အတည်ပြု လူနာ ၃ ဦးကို ဆေးကုသမှု ပေးနေလျက် ရှိပြီး မြန်မာနိုင်ငံတွင် ဧပြီ ၂၄ ရက်၊ နံနက်ပိုင်း ထုတ်ပြန်ချက်အရ ပိုးတွေ့အတည်ပြုလူနာ ၁၃၉ ဦး ရှိကြောင်း သိရသည်။

Journal Download

Photo of three cats