ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊
နန်းတိုင်းကျေးရွာအုပ်စု၊ ဘော်နင်းကုန်းကျေးရွာ၊ ကလော-ပင်လောင်းသွား ကားလမ်းပေါ်တွင်
ဧပြီလ ၂၆ ရက်၊ ညနေပိုင်းက စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀၀ အား သယ်ဆောင်လာသူ ၂ ဦးနှင့် အတူ
ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.
မူးယစ်တပ်ဖွဲ့စု (၂၅) တောင်ကြီးမှ တပ်ဖွဲ့ဝင်များသည် ကလောမြို့မရဲစခန်းမှ နယ်ထိန်း ခေါင်းဆောင်
ရဲအုပ်ဆန်းလွင် ဦးစီးသော တပ်ဖွဲ့ဝင်များ၊ သက်သေများနှင့်အတူ ဧပြီလ ၂၆ ရက်၊ ညနေ ၆ နာရီခွဲခန့်က
ကလောမြို့နယ်၊ နန်းတိုင်းကျေးရွာအုပ်စု၊ ဘော်နင်းကုန်းကျေးရွာ၊ ကလော-ပင်လောင်းသွား
ကားလမ်း၊ မိုင်တိုင်အမှတ် (၁၂/၂) နှင့် (၁၂/၃) အကြားတွင် မူးယစ်ဆေးဝါးသတင်းအရ စောင့်ဆိုင်းရှာဖွေမှုများ
ပြလုပ်နေစဉ် ပင်လောင်းဘက်မှ ကလောဘက်သို့ သန့်ဇင်ထွန်း (ခ) ဖိုးသား မောင်းနှင်ပြီး နောက်တွင်
မပန်းစိန် လိုက်ပါစီးနင်းလာသည့် MOCIN-110 အမျိုးအစား
နက်/ပြာရောင်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ မပန်းစိန် ကိုင်ဆောင်ထားသော လက်ဆွဲအိတ်အတွင်း
ပလတ်စတစ်ကပ်ခွာအိတ်များဖြင့် ထည့်ထားသည့် WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြားပါ အထုပ် ၃၀၊ စုစုပေါင်းဆေးပြား
၆၀၀၀ ပြား၊ ဒေသကာလတန်ဖိုး ကျပ်သိန်း ၆၀ အား ရှာဖွေတွေ့ရှိ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
ဆက်လက်ပြီး မပန်းစိန်အား စစ်ဆေးမေးမြန်းချက်များအရ
အဆိုပါ မူးယစ်ဆေးဝါးများကို ပင်လောင်းမြို့နယ်၊ ထီးဝါးလေး ကျေးရွာနေ မောင်တူးတူး ထံမှ
ငွေကျပ် ၁၂ သိန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိမှုနှင့်
ပတ်သက်၍ သယ်ဆောင်လာသူ ပင်လောင်းမြို့၊ ဈေးတန်း ရပ်ကွက်နေ မပန်းစိန် (၅၃ နှစ်) နှင့်
ကလောမြို့နယ်၊ မကွေကျေးရွာနေ သန့်ဇင်ထွန်း (ခ) ဖိုးသား (၂၆ နှစ်) တို့အား ကလောမြို့မရဲစခန်းတွင်
မယ (ပ) ၁၄/၂၀၂၀၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ
၁၉(က)/၂၁ ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိပြီး ကွင်းဆက်များးအား စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း
သိရသည်။
.