ကလောမြို့သို့ လာရောက်သူများ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးထံသို့ သတင်းပို့ပြီး ကျန်းမာရေး စစ်ဆေးမှု ခံယူရမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, April 19, 2020

ကလောမြို့သို့ လာရောက်သူများ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးထံသို့ သတင်းပို့ပြီး ကျန်းမာရေး စစ်ဆေးမှု ခံယူရမည်


စုလှိုင်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်သို့ လာရောက်သူများအနေဖြင့် ဧပြီလ ၂၂ ရက်မှ စတင်၍ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံသို့ သတင်းပို့ပြီး ကျန်းမာရေး စစ်ဆေးမှု ခံယူရမည်ဖြစ်ကြောင်း သိရသည်။
.

.
“ပြည်တွင်း/ပြည်ပက ပြန်လာရင် ကျန်းမာရေး ဆေးစစ်ခံရမယ်။ ပြီးရင် Home Quarantine လုပ်သင့်တယ်ဆိုရင် လုပ်၊ Facilities Quarantine လုပ်သင့်တယ်ဆိုရင် လုပ်ပေါ့။ ဖျားနာတာတွေရှိရင် Hospital Quarantine ထားဖို့ပါ။ အဓိက ကတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို သတင်းပို့ဖို့ပါပဲ” ဟု ကလောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ကလောတွင် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် မြန်မာနှစ်သစ်ကူးရုံးပိတ်ရက်အတွင်း ဧပြီလ ၂၁ ရက်အထိ ခရီးသွားလာခွင့် ကန့်သတ်ထားပြီး ဧပြီလ ၂၂ ရက်မှ စတင်၍ ရောဂါလက္ခဏာ မရှိသူများကို Medical Certificate ဖြင့် သွားလာခွင့် ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
.
မြန်မာနိုင်ငံတစ်ဝှမ်းတွင် ယနေ့ ဧပြီလ ၁၉ ရက်၊ နံနက်ပိုင်းအထိ COVID-19 ရောဂါ အတည်ပြုဖြစ်ပွားသူ ၁၀၇ ဦး ရှိလာပြီဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About