ကလောတွင် အမျိုးသမီးတစ်ဦး ရေဘူးနှင့် ပိုးသတ်ဆေးဘူး မှားသောက်၍ သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, April 15, 2020

ကလောတွင် အမျိုးသမီးတစ်ဦး ရေဘူးနှင့် ပိုးသတ်ဆေးဘူး မှားသောက်၍ သေဆုံး

နန်းဝင်းရီ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်တွင် ဧပြီလ ၁၄ ရက်၊ နံနက်ပိုင်းက အမျိုးသမီးတစ်ဦး ရေဘူးနှင့် ပိုးသတ်ဆေးဘူး မှားသောက်မိရာမှ ယနေ့ ဧပြီလ ၁၅ ရက်တွင် ဆေးကုသမှု ခံယူနေစဉ် သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
.

.
သေဆုံးသူမှာ ကလောမြို့နယ်၊ ဝက်ဖြူရေကျေးရွာနေ နန်းဖြူလေး (၂၄ နှစ်) ဆိုသူဖြစ်ပြီး ၎င်းသည် ခင်ပွန်းနှင့် ၂ နှစ်သားအရွယ် သားငယ်တို့နှင့် အတူနေထိုင်ကာ ဧပြီလ ၁၄ ရက်၊ နံနက် ၆ နာရီခန့်က အိပ်ရာမှ ရုတ်တရက်ထ၍ ရေသောက်စဉ် လက်ဘက်စိုက်ခင်း ပေါင်းသတ်ဆေးဖြန်းရန် ဝယ်ယူထားသည့် ဒါရာဇုန် ပေါင်းသတ်ဆေးရည်ဘူးနှင့် ရေကြက်အေးဘူးအား လွဲမှားသောက်မိခဲ့သဖြင့် ယင်းနေ့ နေ့လယ်ပိုင်းတွင် ခင်ပွန်းဖြစ်သူမှ ကလောဆေးရုံသို့ ပို့ဆောင်ခဲ့ရာ ဆေးကုသမှုခံယူနေစဉ် ယနေ့ ဧပြီလ ၁၅ ရက်၊ နေ့လယ်ပိုင်းတွင် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ အမျိုးသမီး သေဆုံးမှုနှင့် ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးရခြင်း ဟုတ်/မဟုတ် သိရှိနိုင်ရန် ကလောမြို့မ ရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် (၇/၂၀၂၀) ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About