မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊
ကွတ်ခိုင်မြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဧပြီလ ၁ ရက်က ငွေကျပ် ၄၈ ဘီလီယံကျော် တန်ဖိုးရှိ
မူးယစ်ဆေးဝါးနှင့်
ဆက်စပ် ပစ္စည်းများ
၄၈ ဘီလီယံကျော် ထပ်မံ သိမ်းဆည်း ရမိခဲ့ကြောင်း တပ်မတော်က ထုတ်ပြန်ခဲ့သည်။
.
![]() |
ကွတ်ခိုင်မြို့နယ်၊
ကောင်းခါးကျေးရွာ၏ အရှေ့ဘက် မီတာ ၁၅ဝဝ ခန့်အကွာရှိ လျှိုအတွင်း၌ အကျယ် ၅ ပေ၊ အနက် ၅ ပေရှိ မြေကျင်းအတွင်း
ဖုံးအုပ်ထားသည့် 88/1 စာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား
၁၂၂၄ဝဝဝဝ ပြား၊ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား
၈၂ဝဝဝဝ ပြား၊ ယုန်တံဆိပ် စိတ်ကြွရူးသွပ်
ဆေးပြား ၄၄ဝဝဝဝ ပြား၊ တံဆိပ်
မပါသော စိတ်ကြွရူးသွပ်ဆေးပြား ၁ဝ၄၇ဝဝဝဝ ပြား၊ ဘိန်းဖြူမှုန့် ၂ ကီလိုနှင့် Ephedrine အမှုန့် ၂၅ ကီလို (ခန့်မှန်းတန်ဖိုးငွေ ကျပ် ၄၈
ဘီလီယံကျော်) တို့ကို ပိုင်ရှင်မဲ့ အဖြစ် တွေ့ရှိ သိမ်းဆည်း ရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင်
အသုံးပြုသည့် ဆက်စပ် ပစ္စည်းများကို ကွတ်ခိုင်မြို့ရှိ မူးယစ် တပ်ဖွဲ့စုသို့ စနစ်တကျ လွှဲပြောင်း အပ်နှံသွားမည် ဖြစ်ကြောင်းနှင့် တပ်မတော် အနေဖြင့်
ကွတ်ခိုင်မြို့နယ်၊ ကောင်းခါး ကျေးရွာနှင့် လွယ်ခမ်ကျေးရွာအနီး တစ်ဝိုက်တွင် ဖေဖော်ဝါရီလ ၂၈ ရက်မှ စတင်၍ ဖမ်းဆီး ရမိသော
မူးယစ်ဆေးဝါးနှင့် ဆက်စပ် ပစ္စည်းများမှာ
တန်ဖိုးအားဖြင့် စုစုပေါင်း ခန့်မှန်းငွေကျပ် ၃၉၃ ဘီလီယံကျော် ရှိပြီ ဖြစ်ကြောင်း သိရသည်။
.