ကျိုင်းတုံ ဒေသထွက် ခရမ်းချဉ်သီးများ ရောင်းအား ကျဆင်းနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျိုင်းတုံ ဒေသထွက် ခရမ်းချဉ်သီးများ ရောင်းအား ကျဆင်းနေ

ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်မှ ဒေသထွက် ခရမ်းချဉ်သီးများ ဝယ်ယူသူ မရှိ၍ ရောင်းအား ကျဆင်းနေသဖြင့် တောင်သူများ အခက်တွေ့နေရကြောင်း သိရသည်။
.
ကျိုင်းတုံမြို့နယ်တွင် စိုက်ပျိုးထွက်ရှိသော ခရမ်းချဉ်သီးမှာ အချဉ်ဓါတ် ပိုမို၍ တာရှည် အထားမခံခြင်းကြောင့် တောင်ကြီး အင်းလေးဒေသမှ သယ်ယူ ရောင်းချသည့် ခရမ်းချဉ်သီးနှင့် နှိုင်းယှဉ်ပါက စျေးနှုန်း သက်သာ၍ ယခင်က ဝယ်ယူ စားသုံးသူ များပြားသော်လည်း လက်ရှိ ရင်ဆိုင်နေရသော COVID-19 ကူးစက်ရောဂါ ကာလတွင် ဝယ်လိုအား ကျဆင်းနေကြောင်း သိရသည်။
.
အချဉ်ကို ကြိုက်ကြတဲ့ စားသုံးသူတွေနဲ့ ဒေသမုန့် လုပ်ရောင်းသူ အလှူ ပွဲလုပ်သူတွေကတော့ ကျိုင်းတုံ ခရမ်းချဉ်သီးကို အသုံး များပါတယ်။ သူ့အားနည်းချက် တစ်ခုက ရက်ရှည် အထားမခံဘူး။” ဟု ကျိုင်းတုံဒေသခံ တစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.

ကျိုင်းတုံတွင် ခရမ်းချဉ်သီးအား ယန်းလောကျေးရွာအုပ်စု ၊ လွယ်လုံကျေးရွာအုပ်စုတွင် အများအပြား စိုက်ပျိုးကြပြီး ကတ်ဖ ၊ ကတ်ထိုက်နှင့် မိုင်းဇင်းကျေးရွာအုပ်စုများတွင်လည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြောင်း ကျိုင်းတုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။
.
ကျိုင်းတုံစျေးကွက်သို့ တောင်ကြီး အင်းလေး ဒေသထွက် ခရမ်းချဉ်သီးများ တင်ပို့ ရောင်းချခြင်း ရှိသော်လည်း လက်ရှိ COVID-19 ကူးစက်ရောဂါ ကာကွယ်ရေးကာလတွင် အရောင်းအဝယ်အေးသည်ဟု စျေးကွက်အတွင်းမှ သိရသည်။
.

ကျိုင်းတုံဒေသထွက် ခရမ်းချဉ်သီးကို လက်လီစျေးကွက်၌ တစ်ပိဿာလျင် ၄၀၀/၅၀၀ ကျပ်ဖြင့် ရောင်းချလျက် ရှိပြီး စိုက်ခင်း တောင်သူများကမူ ရပ်ကွက်ကျေးရွာများ၌ ခရမ်းချဉ်သီး ပုခုံးထမ်း ခြင်းတစ်လုံး အပြည့်အား ၂၀၀၀ ကျပ်ဖြင့် လိုက်လံ ရောင်းချလျက် ရှိကြောင်း သိရသည်။


.

Journal Download

Photo of three cats