ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြို့တော်၊
တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့ ဧပြီလ
၅ ရက်၊ နံနက်ပိုင်းက ကမ္ဘောဇဘဏ်လီမိတက်မှ ငွေကျပ် သိန်း ၃၀၀၀ ကျော် တန်ဖိုးရှိ
COVID-19 ကပ်ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ပေးအပ်ခဲ့သည်ဟု သိရသည်။
.
.
ထောက်ပံ့ပေးအပ်ပွဲတွင်
COVID-19 ကပ်ရောဂါအတွက် ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေး ကော်မတီ ဥက္ကဋ္ဌ
ဦးအောင်ဆန်းဝင်းက ကြိုဆိုနှုတ်ခွန်းဆက် စကား ပြောကြားခဲ့ပြီး ကော်မတီ ဒုတိယဥက္ကဋ္ဌ
ဦးခင်အောင်က လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကမ္ဘောဇဘဏ်လီမိတက်မှ
အထွေထွေမန်နေဂျာ ဒေါ်စန္ဒာဝင်းက ကော်မတီသို့ အလှူငွေကျပ် သိန်း ၃၀၀၀ ပေးအပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်
ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက လက်ခံရယူခဲ့ပြီး ရှမ်းရိုးမဘိလပ်မြေမှ DMD
ဦးမောင်မောင်မြင့်က ထောက်ပံ့ပစ္စည်းများ ပေးအပ်ရာ ကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဝင်းက
လက်ခံရယူကာ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က ကျေးဇူးတင်စကား
ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
.
အဆိုပါ လှူဒါန်းပွဲတွင်
အကာအကွယ်ဝတ်စုံ (PPE)၊ နှာခေါင်းစည်း (Mask)၊ လက်အိတ်နှင့် Hand Gel များကို လှူဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
“KBZ မိသားစုက COVID-19
ရောဂါ ကာကွယ်ရေးပစ္စည်း လိုအပ်နေတဲ့ တိုက်နယ်ဆေးရုံ၊ မြို့နယ်ဆေးရုံတွေကို ထောက်ပံ့ပေးနိုင်ရေးအတွက်
ရည်ရွယ်ပြီး ဒီနေ့မှာ ပြည်သူစားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီကို ငွေကျပ် သိန်း ၃၀၀၀
လာရောက်လှူဒါန်းတာဖြစ်ပါတယ်။ KBZ ကနေ ကော်မတီကို လှူဒါန်းငွေ စုစုပေါင်း သိန်း ၅၀၀၀
ရှိသွားပြီ ဖြစ်ပါတယ်” ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး
ဦးစိုးညွန့်လွင်က ပြောသည်။
.
ထို့အတူ -19
ကပ်ရောဂါအတွက် ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေး ကော်မတီ
ဒုတိယဥက္ကဋ္ဌ (၂) ဦးသူရစောသိန်းက “ပြည်ပက ပြန်ဝင်လာတဲ့သူတွေက ရှမ်းပြည်မှာ
အများကြီးရှိတယ်။ သူတို့ကို တာဝန်ယူစောင့်ရှောက်ပေးနေတဲ့ စောင့်ကြည့်ရေးစခန်းတွေ၊
တိုက်နယ်ဆေးရုံတွေမှာက ကာကွယ်ရေးပစ္စည်းတွေ မလုံလောက်ဘူး။ ဒါကြောင့် လိုအပ်တဲ့
အကာအကွယ်ပစ္စည်းတွေ ထောက်ပံ့ပေးနိုင်အောင် ဆိုတဲ့ ကမ္ဘောဇ နာယကကြီးရဲ့
ရည်ရွယ်ချက်နဲ့ ကျွန်တော်တို့ ကော်မတီကို သိန်း ၃၀၀၀ ကျော်ဖိုးရှိတဲ့
ကာကွယ်ရေးပစ္စည်းတွေ လှူဒါန်းပေးခြင်ဖြစ်ပါတယ်” မီဒီယာများသို့ ပြောဆိုခဲ့သည်။
.
ကမ္ဘောဇအုပ်စု အနေဖြင့်
စားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီသို့ စားနပ်ရိက္ခာများ ဝယ်ယူစုဆောင်းရေးအတွက် ငွေကျပ်သိန်းပေါင်း
၂၀၀၀ မတည်လှူဒါန်းထားပြီးဖြစ်ကာ ယခု ကာကွယ်ရေးပစ္စည်းများ သိန်းပေါင်း ၃၀၀၀ ကျော်ကို
ထပ်မံလှူဒါန်းပေးခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ထောက်ပံ့လှူဒါန်းပွဲသို့
ကမ္ဘောဇဘဏ်လီမိတက်နာယက ဦးအောင်ကိုဝင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ် လူမှုရေးဝန်ကြီး
ဒေါက်တာမျိုးထွန်း၊ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်၊ COVID-19
ကပ်ရောဂါအတွက် ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေး ကော်မတီ ဥက္ကဋ္ဌနှင့်
တာဝန်ရှိသူများ၊ ကမ္ဘောဇအုပ်စုမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
.