ကမ္ဘောဇဘဏ်သည် နေပြည်တော် ကောင်စီနယ်မြေ
အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၅ ခု ရှိ အခြေခံ လူတန်းစား ပြည်သူများသို့ ပေးဝေလှူဒါန်းနိုင်ရန်အတွက်
ငွေကျပ်သိန်း ၆၀၀၀ ကျော် တန်ဖိုးရှိ ဆန်အိတ်ပေါင်း ၂၁၀၀၀ ကို COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့
ဧပြီလ ၁၃ ရက်နေ့တွင် ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
.
အဆိုပါ ဆန်အိတ်ပေါင်း ၂၁၀၀၀ ကို ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ အခြေခံ
လူတန်းစား ပြည်သူများထံသို့ COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ဆက်လက်
ပေးပို့ လှူဒါန်းလျက် ရှိကြောင်း သိရသည်။
.
ကမ္ဘောဇဘဏ်မှ လှူဒါန်းသည့်
ဆန်အိတ်များကို နေပြည်တော်ကောင်စီ နယ်မြေ၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊
ချင်းပြည်နယ် ၊ မွန်ပြည်နယ် ၊ ရခိုင်ပြည်နယ်၊
စစ်ကိုင်းတိုင်းဒေသကြီး ၊ မကွေးတိုင်းဒေသကြီး
၊ ပဲခူးတိုင်းဒေသကြီး ၊ ဧရာဝတီတိုင်းဒေသကြီး ၊ တနင်္သာရီတိုင်းဒေသကြီး တို့အတွက် ဆန်အိတ်
၁၀၀၀ စီနှင့် ရှမ်းပြည်နယ် ၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး
တို့အတွက် ဆန်အိတ် ၃၀၀၀ စီ ဖြန့်ဝေ လှူဒါန်းမည် ဖြစ်ကြောင်း သိရသည်။
.
ကမ္ဘောဇဘဏ်သည် KBZ MS General Insurance၊ KBZ Life၊ Myanmar
Airways International (MAI) ၊ Air KBZ တို့နှင့်
အတူ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ငွေကျပ် သိန်းပေါင်း
၃၁၂၁၄ သိန်းကို လှူဒါန်းခဲ့ပြီး ဖြစ်ကာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့်အတူ
တစ်နိုင်ငံလုံး အတိုင်းတာဖြင့် လိုအပ်သည့် နေရာများတွင် ပူးပေါင်း ပါဝင် လှူဒါန်းသွားရန်
စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။
.