စိုင်းသိင်္ခသူ
.
အိန္ဒိယနိုင်ငံတွင်
ပိတ်မိနေသည့် စာသင်သား မြန်မာနိုင်ငံသား ရဟန်းသံဃာတော်များ၊ သီလရှင် နှင့် လူပုဂ္ဂိုလ်
၂၀၀ ကျော်အား ကမ္ဘောဇဘဏ်နှင့် Myanmar
Airways Intertional တို့ ပူးပေါင်း၍ ပထမအသုတ်အဖြစ် ဧပြီလ ၂၂ ရက်က အိန္ဒိယနိုင်ငံ၊
ဂါယာလေဆိပ်မှ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အခမဲ့ ပြန်လည်ပင့်ဆောင် ခေါ်ယူခဲ့ကြောင်း
သိရသည်။
.
.
အိန္ဒိယနိုင်ငံနှင့်
သီရိလင်္ကာနိုင်ငံများတွင် လေကြောင်းလိုင်းများ ရပ်နားထားသည့်အတွက် ပိတ်မိနေသည့် မြန်မာ
နိုင်ငံသား စာသင်သား ရဟန်းသံဃာတော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ် စုစုပေါင်း
၁၀၀၀ ကျော် ရှိသည့်အနက် ယခု ပထမအသုတ် အနေဖြင့် သံဃာတော် ၂၁၀ ပါး၊ သီလရှင် ၆ ပါးနှင့်
လူပုဂ္ဂိုလ် ၄၂ ဦး၊ စုစုပေါင်း ၂၅၈ ဦးကို အိန္ဒိယနိုင်ငံ၊ ဂါယာလေဆိပ်မှ ပြန် လည်ပင့်ဆောင်
ခေါ်ယူလာခြင်းဖြစ်သည်ဟု သိရသည်။
ဆက်လက်၍လည်း
အိန္ဒိယနိုင်ငံသာမက သီရိလင်္ကာနိုင်ငံတွင် ကျန်ရှိနေသည့် စာသင်သား ရဟန်းသံဃာတော်များ၊
သီလရှင်များနှင့် မြန်မာနိုင်ငံသားများကိုလည်း မေလအတွင်း ထပ်မံသွားရောက်၍ ပင့်ဆောင်
ခေါ်ယူသွားမည်ဖြစ် ကြောင်း သိရသည်။
.
ယင်းစာသင်သား
သံဃာတော်များ၊ သီလရှင်များနှင့် မြန်မာနိုင်ငံသား စုစုပေါင်း ၁၀၀၀ ကျော်သည် COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့်
အိန္ဒိယနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့တွင် ပိတ်မိနေသူများဖြစ်ပြီး သီတဂူဆရာတော်
ဒေါက်တာ အရှင်ဉာဏိဿရ၏ ညှိနှိုင်းဆောင်ရွက်ပေးမှုကြောင့် မြန်မာနှင့် အိန္ဒိယနှစ်နိုင်ငံ
အစိုးရများ၏ ခွင့်ပြုချက်ဖြင့် ပြန်လည် ခေါ်ယူခြင်းဖြစ်သည်ဟု သိရသည်။
.
ယနေ့အချိန်အထိ
KBZ Bank၊
KBZ MS General Insurance၊ KBZ Life၊ Myanmar
Airways International နှင့် Air KBZ တို့မှ COVID-19
ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးအတွက် ငွေကျပ်သိန်းပေါင်း ၃၂၁၇၄ ကို လှူဒါန်းခဲ့ပြီးဖြစ်ကာ
COVID-19 ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးအတွက် အရေးပေါ်လိုအပ်သည့်
ဆေးဝါးနှင့် ကျန်းမာရေးအထောက် အကူပြုပစ္စည်းများကို MAI၊ Air
KBZ လေကြောင်းလိုင်းများမှ စင်းလုံးငှား လေယာဉ်များဖြင့် အခမဲ့ သယ်ယူပို့ဆောင်
ပေးရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနှင့် ညှိနှိုင်းစီစဉ်ဆောင်ရွက်ထားရှိကြောင်း
သိရသည်။
.
အပြင်
ကမ္ဘာဇဘဏ်နှင့် Myanmar
Airways International (MAI) တို့သည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန
နှင့်အတူ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လိုအပ်သည့် အချိန်၊ လိုအပ်သည့် နေရာများတွင်
လိုအပ်သည်များကို ပူးပေါင်းပါဝင် လှူဒါန်းသွားရန် စီစဉ်ဆောင်ရွက်ထားရှိသည်ဟု သိရသည်။
.