ကယားပြည်နယ်၊
ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် COVID-19 ရောဂါ ကာကွယ် ကုသရေးအဖြစ် Facility Quarantine ဝင်နေသော
ပြည်သူများ၏ စားနပ်ရိက္ခာအတွက် ပြည်နယ်တစ်ခုလျှင် ငွေကျပ်သိန်း ၃၀၀ စီကို ကမ္ဘောဇဘဏ်မှ
ယနေ့ (ဧပြီလ ၂၇ ရက်)တွင် ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
.
ကမ္ဘောဇဘဏ်သည်
အဆိုပါ ငွေကျပ်သိန်း ၃၀၀ စီ ထောက်ပံ့ခြင်း အပြင် ကယားပြည်နယ်၊ ချင်းပြည်နယ်နှင့်
ရခိုင်ပြည်နယ်တို့ရှိ ဆေးရုံများ၊ ကျန်းမာရေးဝန်ထမ်းများအတွက် လိုအပ်သည့် ဆေးရုံသုံး
အထောက်အကူ ပစ္စည်းများကိုလည်း အဆက်မပြတ် လှူဒါန်းပေးလျက် ရှိကြောင်း သိရသည်။
.
ထို့အပြင်
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ ကမ္ဘောဇဘဏ်၏ မတည် လှူဒါန်းမှု၊ အလှူရှင်ပေါင်း
များစွာ၏ ထည့်ဝင် လှူဒါန်းမှုဖြင့် ဖွဲ့စည်းထားသည့် ရှမ်းပြည်နယ် ပြည်သူလူထု
စားနပ်ရိက္ခာထောက်ပံ့ရေး ကော်မတီသည် ဧပြီလ ၂၀ ရက်တွင် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၊
ချောက်မြို့၊ မင်းဘူးမြို့နယ်၊ ဆင်မတောင်မြို့၊ ဧပြီလ ၂၁ ရက်တွင် ချင်းပြည်နယ်၊
တီးတိန်ဆေးရုံ၊ ဧပြီလ ၂၄ ရက်တွင် မွန်ပြည်နယ်၊ ဧပြီလ ၂၅ ရက်တွင် ကရင်ပြည်နယ်တို့အတွက်
လိုအပ်သည့် ကျန်းမာရေး အထောက်အကူ ပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့ကြောင်းလည်း
သိရသည်။
.
ကမ္ဘောဇဘဏ်သည်
KBZ
MS General Insurance၊ KBZ Life၊ Myanmar Airways International (MAI) နှင့် Air KBZ တို့နှင့်အတူ
COVID-19
ကာကွယ်၊ ထိန်းချုပ်၊
ကုသရေးအတွက် ငွေကျပ် ၃၁,
၂၁၄ သိန်း (ကျပ်သိန်းပေါင်း
သုံးသောင်း တစ်ထောင်နှစ်ရာ တစ်ဆယ့်လေးသိန်း) ကို လှူဒါန်းထားကာ
ဆက်လက်လှူဒါန်းမှုများ ပြုလုပ်ရန် စီစဉ်ထားကြောင်းလည်း သိရသည်။