ဟိုပုံးမြို့၊ တောင်ရပ်ကွက်တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဟိုပုံးမြို့၊ တောင်ရပ်ကွက်တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွား


နန်းဝင်းရီ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ တောင်ရပ်ကွက်တွင် ယနေ့ ဧပြီလ ၂၃ ရက် နံနက်ပိုင်းက အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.
သေဆုံးသူမှာ ခွန်လင်းထက်ခေါင် (၂၁ နှစ်)ဆိုသူဖြစ်ပြီး ၎င်းနေအိမ်၏ မီးဖိုချောင်အတွင်းရှိ ထုပ်တန်းတွင် အစိမ်းရောင် နိုင်လွန်ကြိုးအား နှစ်ပင်ပူး၍ ကွင်းပြုလုပ်ကာ ကြိုးဆွဲချသေဆုံးခဲ့ခြင်းဖြစ်ကာ ပြင်ပဒဏ်ရာ မတွေ့ရှိရကြောင်း သိရသည်။
.
သေဆုံးသူအလောင်းအား ဟိုပုံးမြို့ ပြည်သူ့ဆေးရုံသို့ လွှဲပြောင်းပေးပို့ခဲ့ပြီး ခွန်လင်းထက်ခေါင် သေဆုံးမှုနှင့် ပတ်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် သိရှိနိုင်ရန် ဟိုပုံးမြို့မရဲစခန်းတွင် သေမှုသေခင်း ဖွင့်လှစ် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ ဟိုပုံးမြို့မရဲစခန်းသို့ ကမ္ဘောဇတိုင်းမှ ဆက်သွယ်မေးမြန်းရာတွင် ပြန်လည်ဖြေကြားခြင်း မရှိခဲ့ချေ။
.

Journal Download

Photo of three cats