လူနာအမှတ် (၆၄) နှင့်အတူ လိုက်ပါလာသည့် ဟဲဟိုးမှ စောင့်ကြည့်လူနာ ကျန်းမာရေး ကောင်းမွန်လျက်ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လူနာအမှတ် (၆၄) နှင့်အတူ လိုက်ပါလာသည့် ဟဲဟိုးမှ စောင့်ကြည့်လူနာ ကျန်းမာရေး ကောင်းမွန်လျက်ရှိ


နန်းဝင်းရီ
.
လူနာအမှတ်(၆၄) နှင့်အတူ ရန်ကုန်-ဟဲဟိုး-ကျိုင်းတုံ လေယာဉ်ဖြင့် လိုက်ပါ စီးနင်းလာသည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့မှ အသက် ၂၄ နှစ်အရွယ် အမျိုးသား၏ ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်နေလျက် ရှိကြောင်း ယင်း စောင့်ကြည့်လူနာ အမျိုးသားထံမှ သိရသည်။
.
နှာချေတဲ့ ပုံစံလောက်ပဲ။ ချောင်းက ဆိုးကို မဆိုးတာပါ။ ဟဲဟိုးဆေးရုံမှာ ကျွန်တော် Quarantine ဝင် နေပါတယ်။ ကျွန်တော်တို့က နယ်မြို့လေးဆိုတော့လေ တစ်ခုခုဆိုရင် အစိုးရိမ် လွန်တတ်ကြလို့ပါ။ ဒါက ကြောက်စရာ ရောဂါ မဟုတ်ဘူး။ လိုတာထက် စိုးရိမ်စိတ် လွန်ကုန်မှာ စိုးရိမ်ပါတယ်။ လေယာဉ်ပေါ် Case 64 နဲ့ ထောင့်ဖြတ် အနေအထားမှာ ထိုင်ပါတယ်။ ကိုယ့် ကျန်းမာရေးကိုယ် ဂရုစိုက်ကြပါ။ အပြင်တွေ ဘာတွေ မလိုအပ်ဘဲ မထွက်ဖို့ မှာချင်ပါတယ်။ဟု ဟဲဟိုးမြို့မှ စောင့်ကြည့်လူနာ အမျိုးသားက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.

အဆိုပါ အမျိုးသား ဟဲဟိုးမြို့သို့ ပြန်လည် ရောက်ရှိလာသည့် နောက်ပိုင်း ထိတွေ့မိသည့် နေရာများအား ပိုးသတ်ဆေး ဖြန်းခြင်း၊  အသွားအလာ ကန့်သတ် စောင့်ကြည့်ခြင်းများကို ပြုလုပ်ထားကြောင်းလည်း သိရသည်။
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဖြတ်ဆေးရုံမှ ကျိုင်းတုံပြည်သူ့ဆေးရုံသို့ လွှဲပြောင်း ဆေးကုသမှု ခံယူနေသည့် COVID-19 ပိုးတွေ့လူနာ အမှတ် ၆၄ နှင့်အတူ မြန်မာ့လေကြောင်းလိုင်း လေယာဉ်ခရီးစဉ်ဖြင့် အတူ လိုက်ပါ စီးနင်းလာသည့် ရှမ်းပြည်နယ်တောင်ပိုင်းမှ  Quarantine ထားရှိပြီး စောင့်ကြည့်နေသည့် ၁၄ ဦးလုံး၏ ကျန်းမာရေး အခြေအနေမှာ လက်ရှိအချိန်ထိ ကောင်းမွန်နေပြီး ၎င်းတို့၏ ဓါတ်ခွဲနမူနာများကို အမျိုးသားကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာ(ရန်ကုန်)သို့ ပေးပို့ထားကြောင်း သိရသည်။
.

Journal Download

Photo of three cats