ထက်တိုင်းကျော်
.
ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံမြို့
ဒမောဒယဘုန်းကြီးကျောင်းအနီး ပန်မန်ရွာလမ်းဘေးရှိ အမှိုက်များကို စိန်ရေကန်အမှိုက်နှင့်
မိလ္လာသိမ်းဆည်းရေး ဝန်ဆောင်မှု ကုမ္ပဏီက သိမ်းဆည်းပြီးနောက် ဧပြီလ ၂၅ ရက်တွင် သတ်မှတ်ထားသည့်
နေရာ၌ အမှိုက်များကို သွန်ချ စွန့်ပစ်စဉ် သေနတ် တစ်လက်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။
.
“ အမှိုက်သိမ်းကား အမှတ်(၃) ယာဉ်မောင်းက
အမှိုက်ပစ်တဲ့ နေရာမှာ ကားပေါ်က အမှိုက်တွေကို သွန်ချ လိုက်တော့ အဲဒီ သေနတ်ကို တွေ့လို့
ရဲစခန်းမှာ သွားအပ်ခဲ့တယ်ဆိုတာ မှန်ပါတယ်” ဟု စိန်ရေကန် ပုဂ္ဂလိကအမှိုက်နှင့် မိလ္လာသိမ်းဆည်းရေး
ကုမ္ပဏီမှ ဒေါ်လှဆန်းနွယ်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အတူ ကျိုင်းတုံမြို့မရဲစခန်းမှ
စခန်းမှူး ဒုရဲမှူး တင်မောင်ဆွေကလည်း “ သေနတ် တစ်လက်တွေ့တာ ဟုတ်ပါတယ်။အ ထက်ဌာန အဆင့်ဆင့်ကို
တင်ပြထားပါတယ်"ဟု အတည်ပြုခဲ့သည်။
.
ကျိုင်းတုံမြို့ ပုဂ္ဂလိက
စိန်ရေကန်အမှိုက်နှင့် မိလ္လာသိမ်းဆည်းရေး ဝန်ဆောင်မှု ကုမ္ပဏီ အမှိုက်သိမ်းယာဉ်မှ
ဝန်ထမ်း တစ်ဦးသည် အမှိုက်များကို စွန့်ပစ်စဉ် ကတ်ထူပုံး အတွင်းမှ COLT COMMANDO 38
Special ခြောက်လုံးပြူး သေနတ် ထွက်ကျလာသည်ကို တွေ့ရှိရသဖြင့် ကျိုင်းတုံမြို့မရဲစခန်းသို့
အပ်နှံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.