.
ရှမ်းပြည်နယ် အတွင်းရှိ မြို့နယ်
၄၈ မြို့နယ်တို့တွင် နေ့စဉ် ည ၁၀ နာရီမှ
နံနက် ၄ နာရီထိ မည်သူမျှ ညမထွက်ရ အမိန့်အား ထုတ်ပြန်ခွင့် ပြုနိုင်ရန်အတွက်
ရှမ်းပြည်နယ်အစိုးရမှ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်
ဗဟိုကော်မတီသို့ ယနေ့(ဧပြီလ ၁၉ ရက်) တွင် တင်ပြထားကြောင်း သိရသည်။
.
“ကျွန်တော်တို့ အမျိုးသားအဆင့် ဗဟိုကော်မတီကို တင်ပြထားတယ်။
ညွှန်ကြားချက် မလာသေးဘူး။ ညွှန်ကြားချက် လာရင်တော့ ထုတ်ပြန်သွားပါမယ်” ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်ဘနယ်စပ်ရေးရာဝန်ကြီး
ဗိုလ်မှူးကြီး လှဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ရှမ်းပြည်နယ်အတွင်း၌ COVID-19 ပိုးတွေ့ရှိသူ
အတည်ပြုလူနာ ၄ ဦးနှင့် Quarantine
ထားရှိသူ ၉၁၄၆ ဦး ရှိခြင်းတို့ကြောင့် ရောဂါ ထပ်မံ
ဖြစ်ပွားမှု မရှိစေရန်နှင့် ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန် ကုသနိုင်ရေးတို့အတွက်
ယင်းကဲ့သို့ ညမထွက်ရ အမိန့် ထုတ်ပြန်ရန် တင်ပြထားခြင်း ဖြစ်ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်ရှိ မြို့နယ် ၅၅
မြို့နယ်အနက် အဆိုပါ ညမထွက်ရ အမိန့် ထုတ်ပြန်မည့် ၄၈ မြို့နယ်မှာ ယခင်ကတည်းက
ညမထွက်ရ အမိန့် ထုတ်ပြန်ထားသည့် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ
မြို့နယ် ၂ မြို့နယ်နှင့် ဝင်မရ ၅ မြို့နယ်မှ အပ ကျန် မြို့နယ်များအားလုံး
ပါဝင်မည် ဖြစ်ကြောင်း သိရသည်။
.
============
============
[သတင်း ဖြည့်စွက်ချက်]
.
ယင်း ညမထွက်ရ အမိန့်တွင် ကုန်စည် စီးဆင်းမှု မပြတ်လပ်စေရေးအတွက် ကုန်တင်ယာဉ်များနှင့် တာဝန်ရှိသူများ ပါဝင်မည် မဟုတ်ကြောင်း သိရသည်။