ဟိုတယ်၊ တည်းခိုခန်းများ ဆက်လက်ပိတ်ထားရန် ရှမ်းအစိုးရအဖွဲ့မှ ညွှန်ကြား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဟိုတယ်၊ တည်းခိုခန်းများ ဆက်လက်ပိတ်ထားရန် ရှမ်းအစိုးရအဖွဲ့မှ ညွှန်ကြား


နန်းဝင်းရီ
.
COVID-19 ကပ်ရောဂါ ကူးစက်မှုမှ ကာကွယ်နိုင်ရန်အတွက် ရှမ်းပြည်နယ်အတွင်းရှိ ဟိုတယ်၊ တည်းခိုခန်းများအား ဆက်လက်ပိတ်ထားရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ဧပြီလ ၂၄ ရက်တွင် ထပ်မံညွှန်ကြားထားခဲ့သည်ဟု သိရသည်။
.
.
ရှမ်းပြည်နယ် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီက ဧပြီလ ၆ ရက်တွင် ရှမ်းပြည်နယ် အတွင်းရှိ ဟိုတယ်၊ တည်းခိုခန်းများအားလုံး ဧပြီလ ၇ ရက်မှ ဧပြီလ ၂၁ ရက်ထိ ပိတ်ထားရန် ညွှန်ကြားချက် ထုတ်ပြန် ထားခဲ့ပြီးဖြစ်ကာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင် ဧပြီလ ၂၄ ရက်က ပြုလုပ်ခဲ့သည့် အစိုးရအဖွဲ့ ပုံမှန် အစည်းအဝေး ဆုံးဖြတ်ချက်အရ COVID-19 ရောဂါ ထပ်မံဖြစ်ပွားမှု မရှိစေရေး၊ ကာကွယ်ထိန်းချုပ် တုံ့ပြန်ကုသ နိုင်ရေး တို့အတွက် ဟိုတယ်၊ တည်းခိုခန်းများကို မေလ ၁၅ ရက်အထိ ဆက်လက်ပိတ်ထားရန် ညွှန်ကြားစာ ထုတ်ပြန် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ယင်းကဲ့သို့ ဟိုတယ်၊ တည်းခိုခန်းများ ပိတ်ထားသည့် ကာလအတွင်း Quarantine စနစ်အရ ပြန်လည် မထွက်ခွာ နိုင်သည့် ပြည်တွင်း/ပြည်ပဧည့်သည်များအား သက်ဆိုင်ရာ ဟိုတယ်/တည်းခိုခန်းများတွင် ဆက်လက် တည်းခိုခွင့် ပြုရန် ညွှန်ကြားချက်တွင် ထည့်သွင်းဖော်ပြထားသည်။
.
ထို့အပြင် တည်းခိုနေသည့် ပြည်တွင်း/ပြည်ပ ဧည့်သည်စာရင်းကို သက်ဆိုင်ရာ ခရိုင်/မြို့နယ်အလိုက် Coronavirus  Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ကော်မတီများသို့ ဆက်သွယ်အကြောင်းကြား၍ ကော်မတီများ၏ ညွှန်ကြားချက်အတိုင်း တိကျစွာ လိုက်နာဆောင်ရွက်သွားရန် ညွှန်ကြားထားကြောင်း သိရသည်။
.
ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ရှမ်းတောင် ဟိုတယ်ဇုန်တွင် ဟိုတယ်၊ မိုတယ်၊ အင်း စုစုပေါင်း ၂၁၉ လုံး၊ ရှမ်းမြောက်ဇုန်တွင် ၅၇ လုံးနှင့် ရှမ်းရှေ့ဇုန်တွင် ၅၈ လုံး ရှိနေပြီး ရှမ်းပြည်နယ်၏ မြို့တော် တောင်ကြီး မြို့တွင် ဟိုတယ်၊ မိုတယ်၊ အင်း စုစုပေါင်း ၄၀ လုံး ရှိကြောင်း သိရ သည်။
.
တောင်ကြီး မြို့နယ် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၁၈ ခုနှစ် ဒေသဆိုင်ရာ အချက်အလက်များအရ တောင်ကြီးမြို့နယ်အတွင်း ဟိုတယ် ၄၂ လုံး၊ မိုတယ် ၃ လုံးနှင့် တည်းခိုရိပ်သာ စုစုပေါင်း ၆၀ ရှိ ကြောင်း သိရသည်။
.

Journal Download

Photo of three cats