ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ရှမ်းမြောက်ရှိ ကျန်းမာရေးဌာနများသို့ COVID-19 ရောဂါကာကွယ်ရေး ကျန်းမာရေး ထောက်ပံ့ပစ္စည်းများ ပေးအပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ရှမ်းမြောက်ရှိ ကျန်းမာရေးဌာနများသို့ COVID-19 ရောဂါကာကွယ်ရေး ကျန်းမာရေး ထောက်ပံ့ပစ္စည်းများ ပေးအပ်


မောင်မောင်သန်း (တောင်ကြီး)
.
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများသည် ဧပြီလ ၁၃ ရက်၊ နံနက်ပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကျန်းမာရေးဌာနများသို့ သွားရောက်၍ COVID-19 ကပ်ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေး ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
.
.
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ဦးစွာ နောင်ချိုမြို့နယ်တောင်ရှည်တိုက်နယ်ဆေးရုံအတွက် MaskHand GelPPE ဝတ်စုံ လက်သန့်ဆေးရည်နှင့် တာဝန်ကျဆရာမများ လိုအပ်သည့်နေရာများတွင် အသုံးပြုနိုင်ရန် ငွေကျပ် ၅ သိန်း၊ ကံကြီး ကျေးလက်ကျန်းမာရေး ဌာနတွင် Mask နှင့် ငွေကျပ် ၃ သိန်း၊ နောင်ချိုပြည်သူ့ဆေးရုံတွင် Mask နှင့် ငွေကျပ် ၅ သိန်း၊ ကျောက်မဲမြို့နယ်ရှိ နောင်ပိန်တိုက်နယ်ဆေးရုံတွင် COVID-19 ရောဂါကာကွယ်ရေးအတွက် PPE ဝတ်စုံ၊ MaskHand Gel လက်သန့်ဆေးရည် နှင့်ငွေကျပ် ၅ သိန်း၊ ကျောက်မဲမြို့၊ မြို့နယ်ခန်းမတွင် ရှမ်းပြည်နယ်ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီ (ကမ္ဘောဇဘဏ်)မှ ကျောက်မဲမြို့အတွက် ဆန်အိတ် ၅၀၀ တို့ကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး ပြည်နယ်လူမှုရေး ဝန်ကြီးဒေါက်တာမျိုးထွန်းတို့မှ ပေးအပ်ရာ တာဝန်ရှိသူများကအသီးသီးလက်ခံရယူခဲ့ကြကြောင်း သိရသည်။

.
ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ တာဝန်ရှိသူများသည် ကျောက်မဲပြည်သူ့ဆေးရုံသို့ သွားရောက်ကြည့်ရှုပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ရွေ့လျားဓါတ်မှန်စက်ဝယ်ယူရန်အတွက် ငွေကျပ်သိန်း ၁၄၀ ကို ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးမှပေးအပ်ရာ မြို့နယ်ဆေးရုံအုပ်ကလက်ခံရယူပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများမှ ကျောက်မဲမြို့နယ်၊ လွယ်ခေါ့ကျေးလက်ကျန်းမာရေးဌာနတွင် COVID-19 ရောဂါကာကွယ်ရေးအတွက် PPE ဝတ်စုံ၊ MaskHand Gel၊ လက်သန့်ဆေးရည်တို့ကို ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူတစ်ဦးမှလက်ခံရယူခဲ့သည်။
.
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများ သီပေါမြို့နယ်၊ ဘော်ကြိုကျေးလက်ကျန်းမာရေးဌာနသို့ သွားရောက်ပြီး COVID-19 ရောဂါကာကွယ်ရေးအတွက် PPE ဝတ်စုံ၊ Hand Gel၊ လက်သန့်ဆေးရည်၊ Mask နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ငွေကျပ် ၃ သိန်း တို့ကို ထောက်ပံ့ပေးအပ်ရာ တာဝန်ကျဆရာမကလက်ခံရယူပြီး သီပေါမြို့နယ်ကျန်းမာရေးဦးစီးဌာနတွင် COVID-19 ရောဂါကာကွယ်ရေး အတွက် PPE ဝတ်စုံ၊ MaskHand Gel၊ လက်သန့်ဆေးရည်၊ ပိုးသတ်ဖြန်းဆေး၊ လည်ရှည်ဖိနပ်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေကျပ် ၅ သိန်းတို့ ကိုထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
.

Journal Download

Photo of three cats