မောင်မောင်သန်း (တောင်ကြီး)
.
ရှမ်းပြည်နယ်အစိုးရအဖွဲ့
ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊
တာဝန်ရှိ သူများသည် ယနေ့ ဧပြီလ ၁၅ ရက်၊ နံနက်ပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်နှင့်
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်အတွင်းရှိ ပြည်သူ့ဆေးရုံများ၊
ကျန်းမာရေးဌာနများတွင် COVID-19
ကပ်ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ
ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
.
.
အဆိုပါ
ထောက်ပံ့မှုများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့်
ရှမ်းပြည်နယ်ပြည်သူလူထု စားနပ်ရိက္ခာ ကော်မတီ (ကမ္ဘောဇဘဏ်) နှင့် ပူးပေါင်း၍
လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့
လှူဒါန်းရာတွင် ပထမဦးစွာ လားရှိုးမြို့နယ်၊ နမ့်ပေါင်ကျေးရွာ၌
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊
တာဝန်ရှိသူများက COVID-19
ရောဂါ ကာကွယ်ရေးအတွက် Mask၊ PPE ဝတ်စုံ၊ လက်အိတ်၊ သာမိုမီတာ၊ ပိုးသတ်ဆေးရည်၊ ဆေးဖြန်းပုံးများကို ပေးအပ်ရာ
နမ့်ပေါင်တိုက်နယ်ဆေးရုံ တာဝန်ရှိသူ များက လက်ခံရယူခဲ့ကြောင်း သိရသည်။
.
ဆက်လက်၍ပြည်နယ်ဝန်ကြီးချုပ်
ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများသည် မိုင်းရယ်မြို့သို့ သွားရောက်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင်
သင်္ကြန်ကာလရုံးပိတ်ရက်ရှည်အတွင်း နိုင်ငံတော်မှ ထောက်ပံ့သော ဆန်၊ ဆီ၊ ဆား၊
ကုလားပဲ၊ ကြက်သွန်နီ ပစ္စည်း ၅ မျိုးတို့ကိုရပ်ကွက် အုပ်ချုပ်ရေးမှူးများမှ
ပြည်သူများထံပေးအပ်နေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
.
ထို့နောက်မိုင်းရယ်မြို့နယ်ပြည်သူ့ဆေးရုံ၌
COVID-19
ရောဂါကာကွယ်ရေးအတွက် Mask၊ PPEဝတ်စုံ၊
လက်အိတ်၊ သာမိုမီတာ၊ မျက်မှန်၊ ဆေးဖြန်းပုံး၊ ပိုးသတ်ဆေးရည်နှင့် ရှမ်းပြည်နယ်
အစိုးရအဖွဲ့မှထောက်ပံ့ငွေကျပ် ၅ သိန်း တို့ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊
ပြည်နယ်ဝန်ကြီးများrS ထောက်ပံ့ပေးအပ်ရာ မိုင်းရယ်မြို့နယ် ပြည်သူ့ဆေးရုံအုပ်က
လက်ခံရယူခဲ့ကြောင်း သိရသည်။
.
၎င်းနောက်ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်၊ ဝမ်ဝပ်ကျေးရွာအုပ်စု၊ ကောင်းလန်းရွာ ကျေးလက်ကျန်းမာရေးဌာနခွဲ၌
ရှမ်းပြည်နယ်ပြည်သူလူထုစားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီ (ကမ္ဘောဇဘဏ်) နှင့် ပူးပေါင်း၍
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊
ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က
COVID-19 ရောဂါကာကွယ်ရေးအတွက် Mask၊ မျက်မှန်၊ လက်အိတ်၊ သာမိုမီတာ၊ HandGel၊
လက်သန့်ဆေးရည်၊ လည်ရှည်ဖိနပ် တို့ကိုပေးအပ်ရာ တာဝန်ရှိဆရာမကလက်ခံရယူပြီး၊
ကျေးသီးမြို့ပြည်သူ့ ဆေးရုံ၌လည်း COVID-19 ရောဂါကာကွယ်ရေးအတွက် Mask၊ HandGel၊ လက်အိတ်၊ လည်ရှည်ဖိနပ်၊ သာမိုမီတာ၊ လက်သန့်ဆေးရည်၊ မျက်မှန် နှင့်
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှထောက်ပံ့ ငွေကျပ် ၅ သိန်းတို့ကိုပြည်နယ်ဝန်ကြီးချုပ်
ပြည်နယ်ဝန်ကြီးများတို့မှ ပေးအပ်ရာ မြို့နယ်ဆေးရုံတာဝန်ရှိသူများက
လက်ခံရယူကြောင်းသိရသည်။
.
ဆက်လက်ပြီး
ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူတို့သည် လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၊
ဟမ်းငိုင်းကျေးရွာ ကျေးလက်ကျန်းမာရေးဌာနနှင့် ပန်ကေတုကျေးလက်ကျန်းမာရေးဌာန၌
လည်းကောင်း၊ မိုင်းကိုင်မြို့ပြည်သူ့ဆေးရုံ၌ လည်းကောင်း ရှမ်းပြည်နယ်ပြည်သူလူထုစားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီနှင့်
အလှူရှင်များမှ လှူဒါန်းသော COVID-19 ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးပစ္စည်းများကို
ပြည်နယ်ဝန်ကြီးများက ပေးအပ် လှူဒါန်းပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ
ထောက်ပံ့ငွေကျပ် ၅ သိန်းကို ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်မှ
ပေးအပ်ရာမြို့နယ်ပြည်သူ့ဆေးရုံအုပ်က လက်ခံရယူကြောင်းသိရသည်။
.
ယင်းနောက်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူတို့သည်
လဲချားမြို့နယ် ပြည်သူ့ဆေးရုံနှင့် မိုင်းရှူးမြိူ့နယ်ပြည်သူ့ဆေးရုံတို့ကိုလည်း COVID-19 ရောဂါကာကွယ်ရေးအတွက်ကျန်းမာရေး ထောက်ပံ့ ပစ္စည်းများ
ပေးအပ်ခဲ့ကြောင်းသိရှိရသည်။
.
အလားတူ
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်၊
ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံတို့သည် လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ
ယနေ့ ဧပြီလ ၁၅ ရက်က ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
ဆီဆိုင်မြို့နယ်များသို့ သွားရောက်၍ ကာကွယ်ရေးပစ္စည်းများ၊ ကြက်ဥနှင့် ထောက်ပံ့ငွေများကို
သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
.